SM Entertainment က မွေးထုတ်ပေးခဲ့တဲ့ အောင်မြင်တဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲမှာ Aespa လည်း ပါဝင်ပါတယ်။ Aespa ကတော့ (2020) ခုနှစ်ကမှပွဲဦးထွက်ခဲ့ပေမဲ့ လက်ရှိအချိန်အအောင်မြင်ဆုံးအမျိုးသမီးအိုင်ဒေါအဖွဲ့ထဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဇူလိုင်လ(၈)ရက်နေ့မှာတော့Aespa ရဲ့ ဒုတိယမြောက်မီနီအယ်လ်ဘမ် ထွက်ရှိလာခဲ့ပါတယ်။ ဒီအယ်လ်ဘမ်နဲ့အတူလည်း နောက်ထပ်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ Aespa ကတော့ အယ်လ်ဘမ်တွေကို စတင်ရောင်းချတဲ့ပထမအပတ်မှာပင်တစ်သန်းကျော်တဲ့အထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ထဲက အမျိုးသမီးလေးတွေကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအမျိုးသမီးအဖွဲ့အနေနဲ့ နာမည်ကျော်ကြားမှုကို ဆက်လက်ရရှိနေတာလည်း ဖြစ်ပါတယ်။
မှတ်တမ်းတွေအရ Aesapa အဖွဲ့ကတော့ ပထမအပတ်အတွင်းမှာ အယ်လ်ဘမ်တစ်သန်းကျော်ရောင်းချနိုင်တဲ့ ပထမဆုံးအမျိုးသမီးအဖွဲ့ဖြစ်လာပါတယ်။ အခုလိုမျိုးအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရရှိနေတဲ့ Aespa အဖွဲ့ကတော့ ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေလည်း များစွာရရှိနေပါတယ်။ Aespa အဖွဲ့ရဲ့အမိုက်စားသီချင်းတွေကို ကြိုက်တဲ့ပရိသတ်တွေရှိလားနော်။
Zawgyi ဖြင့်ဖတ်ရန်
ပထမအပတ်အတွင်းမှာ အယ်လ်ဘမ်တစ်သန်းကျော်ရောင်းချနိုင်တဲ့ ပထမဆုံးအမျိုးသမီးအဖွဲ့ဖြစ်လာတဲ့ Aespa