ကြည်လင်လှပတဲ့အသားအရေရအောင် ထိန်းသိမ်းတဲ့နည်းလမ်းကို ပြောပြခဲ့တဲ့ Seo Hyun Jin

Posted on

ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်တဲ့ Seo Hyun Jin ကတော့ လက်ရှိမှာလည်း ဒရမ်မာဇာတ်လမ်းတွဲ Why Her? နဲ့အတူ ပရိသတ်တွေကြားရေပန်းစားနေပြန်ပါတယ်။ ခက်ခဲတဲ့ဇာတ်ကောင်ကို ပီပြင်ခဲ့ပြီး လိုက်ဖက်မှုရှိတဲ့ဖက်ရှင်တွေနဲ့ နုပျိုလှပတဲ့အသားအေရေကလည်း ပရိသတ်တွေစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။


သူကတော့ ပရိသတ်တွေဆီကို ပထမဆုံးVlog ကို တင်ပေးခဲ့တာဖြစ်ပြီး Vlog မပြီးခင်မှာတော့ ညဘက်လုပ်နေကျအလှအပဆိုင်ရာအလေ့အကျင့်နဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ သူ့ရဲ့ဝင်းလက်စိုပြေတဲ့အသားအရေကိုထိန်းသိမ်းခြင်းနဲ့ အလုပ်ချိန်တွေပြည့်နေတဲ့အခါ ကင်မရာရှေ့မှာအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်တဲ့အကြောင်းကို မျှဝေခဲ့တာပါ။ ပထမဆုံးအဆင့်ကတော့ Cleasing oil ကိုအသုံးပြုပြီး မျက်နှာပေါ်ကမိတ်ကပ်ကိုဖျက်တာပါပဲ။ ဒရမ်မာရိုက်ကူးရေးအတွက် အပြင်ထွက်ဖို့ရှိနေတဲ့အခါ Cleasing water ကို အသုံးပြုပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ တိုနာကိုမျက်နှာတစ်ခုလုံးလိမ်းပါတယ်။


နောက်ဆုံးမှာတော့ အသားအနေထိန်းသိမ်းမှုအခြေခံအဆင့်အနေနဲ့ Essence ကို လိမ်းတယ်လို့ ဆိုပါတယ်။ Seo Hyun Jin ကတော့ ဒရမ်မာဇာတ်လမ်းတွဲမှာလည်း ငယ်ရွယ်တဲ့ဇာတ်ရုပ်နဲ့ရင့်ကျက်သွားတဲ့အရွယ်ဖြစ်တဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အသားအရေကိုပိုင်ဆိုင်ထားတကြောင့် ပရိသတ်တွေသဘောကျစရာဖြစ်ခဲ့ပြီး အခုဆိုရင် သူ့ရဲ့လက်တွေ့အသားအရေထိန်းသိမ်းနည်းကို သိရှိပြီးနောက်မှာလည်း ဘာမှမလိမ်းခြယ်ထားတဲ့မျက်နှာလေးကို ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ၾကည္လင္လွပတဲ့အသားအေရရေအာင္ ထိန္းသိမ္းတဲ့နည္းလမ္းကို ေျပာျပခဲ့တဲ့ Seo Hyun Jin
ဒရမ္မာထဲမွာ အသားအေရကၾကည္ေတာက္ေနတာပဲ…
ပရိသတ္ေတြရင္းႏွီးၿပီးသားမင္းသမီးတစ္လက္ျဖစ္တဲ့ Seo Hyun Jin ကေတာ့ လက္ရွိမွာလည္း ဒရမ္မာဇာတ္လမ္းတြဲ Why Her? နဲ႔အတူ ပရိသတ္ေတြၾကားေရပန္းစားေနျပန္ပါတယ္။ ခက္ခဲတဲ့ဇာတ္ေကာင္ကို ပီျပင္ခဲ့ၿပီး လိုက္ဖက္မႈရွိတဲ့ဖက္ရွင္ေတြနဲ႔ ႏုပ်ိဳလွပတဲ့အသားေအေရကလည္း ပရိသတ္ေတြစိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။


သူကေတာ့ ပရိသတ္ေတြဆီကို ပထမဆုံးVlog ကို တင္ေပးခဲ့တာျဖစ္ၿပီး Vlog မၿပီးခင္မွာေတာ့ ညဘက္လုပ္ေနက်အလွအပဆိုင္ရာအေလ့အက်င့္နဲ႔ပတ္သက္ၿပီးေျပာခဲ့ပါတယ္။ သူ႔ရဲ႕ဝင္းလက္စိုေျပတဲ့အသားအေရကိုထိန္းသိမ္းျခင္းနဲ႔ အလုပ္ခ်ိန္ေတြျပည့္ေနတဲ့အခါ ကင္မရာေရွ႕မွာအဆင္သင့္ျဖစ္ေနေအာင္ျပင္ဆင္တဲ့အေၾကာင္းကို မွ်ေဝခဲ့တာပါ။ ပထမဆုံးအဆင့္ကေတာ့ Cleasing oil ကိုအသုံးျပဳၿပီး မ်က္ႏွာေပၚကမိတ္ကပ္ကိုဖ်က္တာပါပဲ။ ဒရမ္မာ႐ိုက္ကူးေရးအတြက္ အျပင္ထြက္ဖို႔ရွိေနတဲ့အခါ Cleasing water ကို အသုံးျပဳပါတယ္။ မ်က္ႏွာသစ္ၿပီးတဲ့အခါ တိုနာကိုမ်က္ႏွာတစ္ခုလုံးလိမ္းပါတယ္။


ေနာက္ဆုံးမွာေတာ့ အသားအေနထိန္းသိမ္းမႈအေျခခံအဆင့္အေနနဲ႔ Essence ကို လိမ္းတယ္လို႔ ဆိုပါတယ္။ Seo Hyun Jin ကေတာ့ ဒရမ္မာဇာတ္လမ္းတြဲမွာလည္း ငယ္႐ြယ္တဲ့ဇာတ္႐ုပ္နဲ႔ရင့္က်က္သြားတဲ့အ႐ြယ္ျဖစ္တဲ့ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ငယ္႐ြယ္ႏုပ်ိဳတဲ့ အသားအေရကိုပိုင္ဆိုင္ထားတေၾကာင့္ ပရိသတ္ေတြသေဘာက်စရာျဖစ္ခဲ့ၿပီး အခုဆိုရင္ သူ႔ရဲ႕လက္ေတြ႕အသားအေရထိန္းသိမ္းနည္းကို သိရွိၿပီးေနာက္မွာလည္း ဘာမွမလိမ္းျခယ္ထားတဲ့မ်က္ႏွာေလးကို ပရိသတ္ေတြက အံ့အားသင့္ခဲ့ရပါတယ္။