Lee Seung Gi နဲ့ Lee Da In တို့ချစ်သူနှစ်ဦးဘယ်မှာစတင်ဆုံတွေ့ခဲ့ကြတာလဲ

Posted on

ပရိသတ်တွေကတော့ အနုပညာရှင်စုံတွဲတွေကိုချစ်ကြသလို သူတို့တွေရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးလည်း စိတ်ဝင်တစားရှိကြပါတယ်။ Lee Seung Gi နဲ့ Lee Da In တို့စုံတွဲကလည်းပရိသတ်တွေစိတ်ဝင်စားတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ အနုပညာရှင်တွေဖြစ်ကြပေမဲ့ အလုပ်အတူတူမလုပ်ခဲ့ဖူးတဲ့သူတို့နှစ်ဦးရဲ့စတင်သိကျွမ်းမှုကဘယ်ကစခဲ့တာပါလဲ။


Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ဝါသနာတူတဲ့သူနှစ်ယောက်လို့ ဆိုရမှာပါ။ သူတို့နှစ်ဦးကတော့ ဂေါဖ့်ရိုက်ရင်းစတင်သိကျွမ်းခဲ့ကြတာဖြစ်ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကတော့ တောင်ကိုရီးယားဆယ်လီဘရစ်တီတွေသွားလေ့ရှိတဲ့ ဂေါဖ့်ရိုက်တဲ့နေရာမှာ စတင်တွေ့ဖို့အကြောင်းဖန်ခဲ့တာပါ။ သူတို့နှစ်ဦးလိုပဲ ဂေါဖ့်ရိုက်ရင်းအချိန်ကုန်ဆုံးလေ့ရှိတဲ့အခြားစုံတွဲတွေကတော့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲနဲ့ Lee Byung Hunနဲ့ Lee Min Jung တို့ပဲ ဖြစ်ပါတယ်။


Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ တရားဝင်တွဲနေကြပြီးနောက် လမ်းခွဲသွားပြီဆိုတဲ့ သတင်းတွေထွက်ရှိလာလေ့ရှိပေမဲ့ မတုံ့ပြန်ခဲ့ကြပါဘူး။ သူတို့နှစ်ဦးကတော့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ရှိထားပြီး လက်ရှိမှာလည်း ကန်ဒေါ်လာ(၄.၅)သန်းတန်တဲ့Lee Seung Gi ပိုင်ဆိုင်တဲ့အဆောက်အဦးမှာ In House Director အဖြစ်တဲ့ Lee Da In ကိုစာရင်းသွင်းထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်


