အခြားသူတွေရဲ့စိတ်ကူးထဲကအိမ်မျိုးကိုပိုင်ဆိုင်ထားတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲမင်းသား Kang Ki Young

Posted on

Kang Ki Young ဟာ ရုပ်ရှင်ဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးတဲ့သူတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကို (၈)နှစ်ကြာလုပ်ကိုင်ခဲ့ပေမဲ့လလည်း Extraordinary Attorney Wooဇာတ်လမ်းတွဲထဲက ဂျောင်မြောင်ဆော့ဆိုတဲ့ဇာတ်ရုပ်ကိုသရုပ်ဆောင်ချိန်မှာမှ ပရိသတ်တွေသတိထားမိကာ အအောင်မြင်ဆုံးဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။


သူရဲ့ကျော်ကြားမှုနဲ့အတူ အိမ်မက်ဆန်ဆန်အိမ်ကြီးကိုပိုင်ဆိုင်ထားရတာကလည်း ပရိသတ်တွေသတိထားမိခဲ့ကြတာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကအခြားသောအိမ်တွေနဲ့မတူဘဲ အနုပညာဆန်တဲ့အိမ်တစ်လုံးကိုပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ အမိုက်စားဇိမ်ခံအိမ်ကြီးနဲ့အတူ သူ့ရဲ့ခွေးလေးနဲ့အတူဆော့ကစားဖို့ နဲ့ဇနီး၊ကလေးတို့နဲ့အတူ လမ်းထွက်လျှောက်ဖို့ ခြံဝင်းကျယ်ကျယ်ကိုပိုင်ဆိုင်ထားပါတယ်။


အိမ်တွင်းမှာကတော့ ရိုးရှင်းတဲ့အပြင်အဆင်တွေနဲ့သပ်ရပ်သန့်ရှင်းနေတာပါ။ Kang Ki Young ကတော့ ဆယ်လီမဟုတ်တဲ့သာမန်လူတစ်ယောက်နဲ့ (၂၀၁၉) က လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ သူကတော့ ပျော်ရွှင်တဲ့မိသားစုလေးနဲ့အတူ အခြားသူတွေအားကျလောက်တဲ့ အိမ်ကြီးကိုပိုင်ဆိုင်ထားရတာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




