အသက်(၅၁) နှစ်အရွယ်မှာအံ့သြလောက်စရာလှပနေတဲ့ မင်းသမီး Lee Young Ae

Posted on

(2000) ခုနှစ်တွေမှာဖမ်းစားခဲ့တဲ့မင်းသမီးတွေထဲမှာ Lee Young Ae လည်းပါဝင်ပါတယ်။ နန်းတွင်းရတနာဇာတ်လမ်းတွဲထဲက ချန်ဂင်ဆိုတဲ့ဇာတ်ရုပ်ကတော့ ပရိသတ်တွေရင်ထဲမှာအမြဲစွဲထင်အမှတ်ရနေတာလည်း ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ကောင်းမွန်လှသလို ငယ်ရွယ်နုပျိုလှပတာကြောင့်လည်း ချီးကျူးခံရသူပါ။


Lee Young Ae ရဲ့သေးသွယ်လှပတဲ့ကိုယ်လုံးကတော့ လူအများကိုအံ့သြစေတာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကဖျော်ဖြေရေးနယ်ပယ်ထဲက Beauty Icon တွေထဲမှာ Lee Young Ae ကတော့ မပါလို့မရပါဘူး။ နန်းတွင်းရတနာဇာတ်လမ်းတွဲမင်းသမီးကတော့ အလှနတ်ဘုရားမတစ်ပါးလို အမြဲလှပတဲ့သူပါ။ သူ့ရဲ့အသက်(၅၀)ဝန်းကျင်မှာတောင်မှ တောက်ပစွာလှပနေဆဲပါပဲ။


သိပ်မကြာသေးခင်ကတော့ ကြော်ငြာတစ်ခုရိုက်ကူးနေတဲ့ဗီဒီယိုကိုမျှဝေခဲ့ပြီး အသက်(၅၁) နှစ်ရှိနေပြီလို့မယုံနိုင်လောက်အောင်လှရက်လွန်းနေတဲ့သူ့အလှကို ပြသခဲ့ပါတယ်။ တစ်မိနစ်သာရှိနေတဲ့ဒီဗီဒီယိုမှာတော့ ချောမွေ့လှပတဲ့အသားအရည်နဲ့လှပမှုတွေကတော့ ပရိသတ်တွေစတွေ့ကတည်းက အခုထိအသက်မကြီးခဲ့ဘူးလားလို့တောင် အထင်မှားလောက်စရာနုပျိုနေဆဲပါပဲ။
Zawgyi ဖြင့်ဖတ်ရန်




