HBO စီးရီးတစ်ခုဖြစ်တဲ့ The Idol မှာ ပါဝင်လာတဲ့ Jennie

Posted on

သရုပ်ဆောင်ဘက်ပိုင်းမှာ Jennie ရဲ့ခြေလှမ်းအသစ်အနေနဲ့ HBO စီးရီးတစ်ခုမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ မကြာသေးခင်က HBO စီးရီးတစ်ခုမှာပါဝင်ဖို့ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် The Idol ဆိုတဲ့စီးရီးရဲ့ Teaser မှာ Jennie တစ်ယောက်ပါဝင်လာခဲ့ပါတယ်။


ဒီဇာတ်ကားကိုတော့ The Weeknd နဲ့ပေါ်ပြူလာဖြစ်တဲ့ Euphoria ရှိုးရဲ့ဒါရိုက်တာဖြစ်သူSam Levinsonတို့က ပူးပေါင်းဖန်တီးထားတာပါ။ The Idol မှာဆိုရင် The Weeknd နဲ့Lily-Rose Depp တို့က အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားတာပါ။The Idol စီးရီးကတော့ အမျိုးသမီးပေါပ့်အဆိုတော်တစ်ယောက်ဟာ လျှို့ဝှက်တဲ့ကလပ်ပိုင်ရှင်တစ်ယောက်နဲ့ချစ်ကြိုက်ပြီးတဲ့နောက် လျှို့ဝှက်တဲ့ဘာသာရေးခေါင်းဆောင် တစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အကြောင်းပုံဖော်ထားတာပါ။


ဒီဇာတ်ကားရဲ့Teaser ထွက်ရှိလာခဲ့ပြီး Jennie ရဲ့ ပုံရိပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ Jennie ရဲ့ပထမဆုံးသရုပ်ဆောင်ခြေလှမ်းကိုတွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုးနယ်ပယ်သစ်မှာကြိုးစားလာတဲ့ Jennie ကိုတော့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

HBO စီးရီးတစ္ခုျဖစ္တဲ့ The Idol မွာ ပါဝင္လာတဲ့ Jennie
သ႐ုပ္ေဆာင္ဘက္ပိုင္းမွာ Jennie ရဲ႕ေျခလွမ္းအသစ္အေနနဲ႔ HBO စီးရီးတစ္ခုမွာ ပါဝင္လာတာကို ေတြ႕ရပါတယ္။ မၾကာေသးခင္က HBO စီးရီးတစ္ခုမွာပါဝင္ဖို႔ေဆြးေႏြးေနတယ္လို႔ သတင္းေတြထြက္ရွိလာခဲ့တာျဖစ္ၿပီး အခုဆိုရင္ The Idol ဆိုတဲ့စီးရီးရဲ႕ Teaser မွာ Jennie တစ္ေယာက္ပါဝင္လာခဲ့ပါတယ္။


ဒီဇာတ္ကားကိုေတာ့ The Weeknd နဲ႔ေပၚျပဴလာျဖစ္တဲ့ Euphoria ရႈိးရဲ႕ဒါ႐ိုက္တာျဖစ္သူSam Levinsonတို႔က ပူးေပါင္းဖန္တီးထားတာပါ။ The Idol မွာဆိုရင္ The Weeknd နဲ႔Lily-Rose Depp တို႔က အဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္ထားတာပါ။The Idol စီးရီးကေတာ့ အမ်ိဳးသမီးေပါပ့္အဆိုေတာ္တစ္ေယာက္ဟာ လွ်ိဳ႕ဝွက္တဲ့ကလပ္ပိုင္ရွင္တစ္ေယာက္နဲ႔ခ်စ္ႀကိဳက္ၿပီးတဲ့ေနာက္ လွ်ိဳ႕ဝွက္တဲ့ဘာသာေရးေခါင္းေဆာင္ တစ္ေယာက္အျဖစ္ေျပာင္းလဲသြားတဲ့အေၾကာင္းပုံေဖာ္ထားတာပါ။
ဒီဇာတ္ကားရဲ႕Teaser ထြက္ရွိလာခဲ့ၿပီး Jennie ရဲ႕ ပုံရိပ္ေတြလည္း ပါဝင္ခဲ့ပါတယ္။ ဂီတေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့ Jennie ရဲ႕ပထမဆုံးသ႐ုပ္ေဆာင္ေျခလွမ္းကိုေတြ႕ျမင္ရတာလည္း ျဖစ္ပါတယ္။ အခုလိုမ်ိဳးနယ္ပယ္သစ္မွာႀကိဳးစားလာတဲ့ Jennie ကိုေတာ့ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။