မင်းသမီး Park Bo Young ကိုပြန်လည်မြင်တွေ့ရမယ့် Netflix စီးရီးအသစ်

Posted on

ချစ်စရာကောင်းပြီးသရုပ်ဆောင်ပိုင်နိုင်တဲ့မင်းသမီးချောလေး Park Bo Young ရဲ့ဇာတ်လမ်းတွဲသစ်ကိုတော့ပရိသတ်တွေစောင့်မျှော်နေကြမှာပါ။ သူကတော့ Strong Girl Bong-soon (2017) ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေကြားလူသိများသူဖြစ်ပြီး Doom at Your Service ရုပ်ရှင်ဇာတ်လမ်းတွဲကတော့ နောက်ဆုံးထွက်ရှိထားတာပါ။


လက်ရှိမှာတော့ Park Bo Young နဲ့အတူ Yeon Woo Jin ၊ Jang Dong Yoon နဲ့ Lee Jung Eun တို့ကတော့ Morning Arrives at the Psychiatric Ward Too ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ကြောင်းအတည်ပြုလိုက်ပါတယ်။ Park Bo Young ကတော့ စိတ်ရောဂါကုဆေးရုံမှာ ပထမဆုံးအကြိမ်အဖြစ်အလုပ်လုပ်ဖို့စာချုပ်ချုပ်လိုက်တဲ့ Jung Da Eun ဆိုတဲ့သူနာပြုအဖြစ်ပါဝင်ထားတာပါ။


ဒီNeflixစီးရီးမှာ Yeon Woo Jin ကတော့ ထူးခြားတဲ့ proctologist ၊Jang Dong Yoon ကတော့သွက်လက်တက်ကြွပြီး အကောင်းမြင်တတ်တဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူ အဖြစ်ပါဝင်ထားပြီး Lee Jung Eun ကလည်းပဲ ဆေးရုံသူနာပြုတစ်ယောက်အနေနဲ့ပါဝင်ထားတာပါ။
Zawgyi ဖြင့်ဖတ်ရန်


