Extraordinary Attorney Woo ဇာတ်လမ်းတွဲရေပန်းစားလာခြင်းနဲ့အတူ ကျော်ကြားလာတဲ့မင်းသားချော

Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ ပြည်တွင်းမှာသာမက ပြည်ပမှာပါကျော်ကြားအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။ ဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကလည်း ပရိသတ်တွေက စိတ်ဝင်စားခြင်းခံနေရတာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲထဲမှာတော့ လီဂျွန်ဟိုအဖြစ်ပါဝင်ထားတဲ့မင်းသားချောKang Tae Oh တော့ စတင်ပြသချိန်မှာကတည်းက ရှေ့နေ Woo Young Woo အပေါ်မှာဆက်ဆံတဲ့ နွေးထွေးတဲ့အပြုအမူလေးတွေက ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ရုပ်ရည်ချောမောပြီး နွေးထွေးတဲ့အကြည့်တွေနဲ့သရုပ်ဆောင်ထားတဲ့မင်းသားချောကတော့ ရိုမန်တစ်ဆန်တဲ့အခြေအနေလေးကိုဖန်တီးထားနိုင်တယ်ဆိုပြီးတော့ ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။


ဒီဇာတ်လမ်းတွဲထဲမှာ အော်တစ်ဇင်ရောဂါရှိတဲ့ရှေ့နေ Woo Young Wooတစ်ယောက်စိတ်ဝင်တစားပြောလေ့ရှိတဲ့ဝေလငါးတွေအကြောင်းကိုလည်း အလေးထားပြီးနားထောင်ပေးတတ်တာကြောင့်လည်း ကြင်နာတတ်တဲ့ အမျိုးသားဇာတ်ဆောင် ဆိုပြီး တင်စားပြီးခေါ်ဆိုခံရတာပဲ ဖြစ်ပါတယ်။ မင်းသားရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်း ကောင်းမွန်တာကြောင့် ဇာတ်လမ်းတွဲနဲ့အတူသရုပ်ဆောင်တွေကြားမှာ နံပါတ်(၁)နေရာကို ရပ်တည်နေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Extraordinary Attorney Woo ဇာတ္လမ္းတြဲေရပန္းစားလာျခင္းနဲ႔အတူ ေက်ာ္ၾကားလာတဲ့မင္းသားေခ်ာ
Extraordinary Attorney Woo ဇာတ္လမ္းတြဲကေတာ့ ျပည္တြင္းမွာသာမက ျပည္ပမွာပါေက်ာ္ၾကားေအာင္ျမင္ေနတဲ့ ဇာတ္လမ္းတြဲေလးပါပဲ။ ဒီဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္ေတြကလည္း ပရိသတ္ေတြက စိတ္ဝင္စားျခင္းခံေနရတာ ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲထဲမွာေတာ့ လီဂြၽန္ဟိုအျဖစ္ပါဝင္ထားတဲ့မင္းသားေခ်ာKang Tae Oh ေတာ့ စတင္ျပသခ်ိန္မွာကတည္းက ေရွ႕ေန Woo Young Woo အေပၚမွာဆက္ဆံတဲ့ ေႏြးေထြးတဲ့အျပဳအမူေလးေတြက ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့ပါတယ္။ ႐ုပ္ရည္ေခ်ာေမာၿပီး ေႏြးေထြးတဲ့အၾကည့္ေတြနဲ႔သ႐ုပ္ေဆာင္ထားတဲ့မင္းသားေခ်ာကေတာ့ ႐ိုမန္တစ္ဆန္တဲ့အေျခအေနေလးကိုဖန္တီးထားႏိုင္တယ္ဆိုၿပီးေတာ့ ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။


ဒီဇာတ္လမ္းတြဲထဲမွာ ေအာ္တစ္ဇင္ေရာဂါရွိတဲ့ေရွ႕ေန Woo Young Wooတစ္ေယာက္စိတ္ဝင္တစားေျပာေလ့ရွိတဲ့ေဝလငါးေတြအေၾကာင္းကိုလည္း အေလးထားျပီးနားေထာင္ေပးတတ္တာေၾကာင့္လည္း ၾကင္နာတတ္တဲ့ အမ်ိဳးသားဇာတ္ေဆာင္ ဆိုၿပီး တင္စားၿပီးေခၚဆိုခံရတာပဲ ျဖစ္ပါတယ္။ မင္းသားရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြကလည္း ေကာင္းမြန္တာေၾကာင့္ ဇာတ္လမ္းတြဲနဲ႔အတူသ႐ုပ္ေဆာင္ေတြၾကားမွာ နံပါတ္(၁)ေနရာကို ရပ္တည္ေနပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x