Marvel Studios နဲ့ဆွေးနွေးနေတယ်လို့သတင်းတွေထွက်ရှိလာတဲ့ မင်းသား Lee Jung Jae

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ Lee Jung Jae ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်ကြမှာပါ။ သူကတော့ Squid Game စီးရီးမှာပါဝင်ပြီးနောက် ကမ္ဘာနဲ့အဝှမ်းအောင်မြင်ကျော်ကြားလာသူတစ်ယောက်လည်း ဖြစ်ပါတယ်။


Lee Jung Jae ကတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်ဖူးပြီး The Thieves (2012) ၊ ‘New World’ (2012)၊ ‘The Face Reader’ (2013) နဲ့ ‘Assassination’ (2015) စတာတွေကတော့ အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ လျှမ်းလျှမ်းတောက်ကျော်ကြားလာတဲ့မင်းသားနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာသတင်းတစ်ခုက လူပြောများခဲ့ပါတယ်။ Lee Jung Jae ဟာMarvel Studios နဲ့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကတော့ တွစ်တာပေါ်မှာ ပြောဆိုနေကြတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။


ဒါကတော့ Marvel Crave မှာ Lee Jung Jae ဟာ MCU ပရောဂျက်မှာဘယ်ကာရိုက်တာဖြစ်လာမလဲလို့ ခန့်မှန်းတဲ့ပိုစ့်တစ်ခုက စခဲ့ပါတယ်။ Lee Jung Jae နဲ့ Marvel ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ပြောဆိုခြင်းမရှိသေးပါဘူး။ ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြသွားပါဦး။
Zawgyi ဖြင့်ဖတ်ရန်


