အိမ်တစ်လုံးရောင်းချရာမှ ကိုရီးယားဝမ်(၂.၉)ဘီလီယံ မြတ်စွန်းခဲ့တဲ့ Song Hye Kyo

Posted on

မင်းသမီးချော Song Hye Kyo ကတော့ အနုပညာမှာထူးချွန်တဲ့စွမ်းရည်တွေရှိရုံတင်မကပဲ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာလည်း အမြင်ရှိတဲ့သူတစ်ယောက်ပါပဲ။ သူကတော့ အိမ်တစ်လုံးကိုသန်း(၃၀၀)လျှော့ဈေးနဲ့ရောင်းချခဲ့ပေမဲ့ ကြီးမားတဲ့အမြတ်အစွန်းကိုရရှိခဲ့ပါတယ်။


မင်းသမီးကတော့ Samseong-dong မှာရှိတဲ့သူ့ရဲ့အိမ်တစ်လုံးကို ဧပြီလကရောင်းချခဲ့ပါတယ်။ သူကတော့ ဒီအိမ်ကို လွန်ခဲ့တဲ့(၁၇)နှစ်က ဝမ်(၅)ဘီလီယံနဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီအိမ်ကိုတော့ (၇.၉)ဘီလီယံနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီအိမ်ကိုတော့လွန်ခဲ့တဲ့(၃)နှစ်က (၈.၂)ဘီလီယံနဲ့ရောင်းချခဲ့ပြီး အရောင်းအဝယ်မဖြစ်ခဲ့တာကြောင့် သန်း(၃၀၀)လျှော့ချခဲ့ပြီး ရောင်းထွက်ခဲ့တာဖြစ်ပါတယ်။ ဒီအိမ်ကိုတော့ ပုံမှန်ဈေးထက်အနည်းငယ်လျှော့ပြီးတော့ရောင်းချခဲ့ပေမဲ့ ဝမ်(၂.၉)ဘီလီယံ အမေရိကန်ဒေါ်လာ(၂.၂)သန်း မြတ်စွန်းခဲ့တာ ဖြစ်ပါတယ်။


Song Hye Kyo ကတော့ မကြာသေးခင်ကပဲရစ်မှာတက်ရောက်ခဲ့တဲ့ Fendi Fall-Winter Couture Show ကိုတက်ရောက်ခဲ့ပြီး အမိုက်စားစတိုင်ကြောင့် လူပြောများခဲ့ပါသေးတယ်။ မကြာသေးခင်မှာလည်း Song Hye Kyo ပါဝင်ထားပြီး ပရိသတ်တွေစောင့်မျှော်နေတဲ့ဒရမ်မာဇာတ်လမ်းတွဲသစ် The Glory က ထွက်ရှိလာဦးမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

အိမ္တစ္လုံးေရာင္းခ်ရာမွ ကိုရီးယားဝမ္(၂.၉)ဘီလီယံ ျမတ္စြန္းခဲ့တဲ့ Song Hye Kyo
မင္းသမီးေခ်ာ Song Hye Kyo ကေတာ့ အႏုပညာမွာထူးခြၽန္တဲ့စြမ္းရည္ေတြရွိ႐ုံတင္မကပဲ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမွာလည္း အျမင္ရွိတဲ့သူတစ္ေယာက္ပါပဲ။ သူကေတာ့ အိမ္တစ္လုံးကိုသန္း(၃၀၀)ေလွ်ာ့ေဈးနဲ႔ေရာင္းခ်ခဲ့ေပမဲ့ ႀကီးမားတဲ့အျမတ္အစြန္းကိုရရွိခဲ့ပါတယ္။


မင္းသမီးကေတာ့ Samseong-dong မွာရွိတဲ့သူ႔ရဲ႕အိမ္တစ္လုံးကို ဧၿပီလကေရာင္းခ်ခဲ့ပါတယ္။ သူကေတာ့ ဒီအိမ္ကို လြန္ခဲ့တဲ့(၁၇)ႏွစ္က ဝမ္(၅)ဘီလီယံနဲ႔ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ ဒီအိမ္ကိုေတာ့ (၇.၉)ဘီလီယံနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ဒီအိမ္ကိုေတာ့လြန္ခဲ့တဲ့(၃)ႏွစ္က (၈.၂)ဘီလီယံနဲ႔ေရာင္းခ်ခဲ့ၿပီး အေရာင္းအဝယ္မျဖစ္ခဲ့တာေၾကာင့္ သန္း(၃၀၀)ေလွ်ာ့ခ်ခဲ့ၿပီး ေရာင္းထြက္ခဲ့တာျဖစ္ပါတယ္။ ဒီအိမ္ကိုေတာ့ ပုံမွန္ေဈးထက္အနည္းငယ္ေလွ်ာ့ၿပီးေတာ့ေရာင္းခ်ခဲ့ေပမဲ့ ဝမ္(၂.၉)ဘီလီယံ အေမရိကန္ေဒၚလာ(၂.၂)သန္း ျမတ္စြန္းခဲ့တာ ျဖစ္ပါတယ္။
Song Hye Kyo ကေတာ့ မၾကာေသးခင္ကပဲရစ္မွာတက္ေရာက္ခဲ့တဲ့ Fendi Fall-Winter Couture Show ကိုတက္ေရာက္ခဲ့ၿပီး အမိုက္စားစတိုင္ေၾကာင့္ လူေျပာမ်ားခဲ့ပါေသးတယ္။ မၾကာေသးခင္မွာလည္း Song Hye Kyo ပါဝင္ထားၿပီး ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ဒရမ္မာဇာတ္လမ္းတြဲသစ္ The Glory က ထြက္ရွိလာဦးမွာပါ။