အယ်လ်ဘမ်အသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေပြီဖြစ်တဲ့ Blackpink

Posted on

လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားတဲ့ Blackpinkအဖွဲ့ကတော့ သီချင်းအယ်လ်ဘမ်ထွက်ရှိလာတော့မယ့်အကြောင်းကို ပရိသတ်တွေကို မကြာသေးခင်ကအသိပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့အဖွဲ့ရဲ့သီချင်းအသစ်တွေကို စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။


အခုအချိန်မှာဆိုရင် Blackpink ကတော့ Music Video အတွက်ရိုက်ကူးရေးတွေပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ အေဂျင်စီကတော့ အကြီးမားဆုံးဘတ်ဂျက်အသုံးပြုမှုဖြစ်လာနိုင်ကြောင်းနဲ့ အစီအစဉ်တကျနဲ့ဆောင်ရွက်ခဲ့ခြင်းတွေကြောင့် အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်ခဲ့တယ်ဆိုပြီး ပြောဆိုထားပါတယ်။ ပရိသတ်တွေအချိန်အတော်ကြာအောင်စောင့်နေခဲ့ရတဲ့ သီချင်းအသစ်တွေကတော့ သြဂုတ်လမှာထွက်ရှိလာဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။


Blackpinkအဖွဲ့ကတော့ နှစ်ကုန်ပိုင်းမှာ World Tour တွေ ရှိလာမယ်လို့လည်း သတင်းတွေထွက်ရှိထားပါတယ်။ ပရိသတ်တွေကတော့ မြူးကြွတဲ့သီချင်းကောင်းတွေနဲ့ဖမ်းစားနိုင်တဲ့ Blackpink အဖွဲ့ရဲ့ Comeback အတွက် စိတ်လှုပ်ရှားနေကြပြီပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အယ္လ္ဘမ္အသစ္အတြက္ ႐ိုက္ကူးေရးေတြျပဳလုပ္ေနၿပီျဖစ္တဲ့ Blackpink
လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားတဲ့ Blackpinkအဖြဲ႕ကေတာ့ သီခ်င္းအယ္လ္ဘမ္ထြက္ရွိလာေတာ့မယ့္အေၾကာင္းကို ပရိသတ္ေတြကို မၾကာေသးခင္ကအသိေပးခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔အဖြဲ႕ရဲ႕သီခ်င္းအသစ္ေတြကို ေစာင့္ေမွ်ာ္ေနၾကတာလည္း ျဖစ္ပါတယ္။


အခုအခ်ိန္မွာဆိုရင္ Blackpink ကေတာ့ Music Video အတြက္႐ိုက္ကူးေရးေတြျပဳလုပ္ေနၿပီလည္း ျဖစ္ပါတယ္။ ေအဂ်င္စီကေတာ့ အႀကီးမားဆုံးဘတ္ဂ်က္အသုံးျပဳမႈျဖစ္လာႏိုင္ေၾကာင္းနဲ႔ အစီအစဥ္တက်နဲ႔ေဆာင္႐ြက္ခဲ့ျခင္းေတြေၾကာင့္ အဆင္ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့တယ္ဆိုၿပီး ေျပာဆိုထားပါတယ္။ ပရိသတ္ေတြအခ်ိန္အေတာ္ၾကာေအာင္ေစာင့္ေနခဲ့ရတဲ့ သီခ်င္းအသစ္ေတြကေတာ့ ၾသဂုတ္လမွာထြက္ရွိလာဖို႔ ရည္မွန္းထားတာလည္း ျဖစ္ပါတယ္။
Blackpinkအဖြဲ႕ကေတာ့ ႏွစ္ကုန္ပိုင္းမွာ World Tour ေတြ ရွိလာမယ္လို႔လည္း သတင္းေတြထြက္ရွိထားပါတယ္။ ပရိသတ္ေတြကေတာ့ ျမဴးႂကြတဲ့သီခ်င္းေကာင္းေတြနဲ႔ဖမ္းစားႏိုင္တဲ့ Blackpink အဖြဲ႕ရဲ႕ Comeback အတြက္ စိတ္လႈပ္ရွားေနၾကၿပီပဲ ျဖစ္ပါတယ္။