Kim Tae Ri၊ So Ji Subနဲ့ Alienoid ဇာတ်ကားဒါရိုက်တာ Choi Dong Hoon တို့ ကိုဗစ်ရောဂါပိုးကူးစက်ခံရ

Posted on

တောင်ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေကိုဗစ်ရောဂါပိုးကူးစက်ခံနေရတဲ့သတင်းတွေ မကြာခဏတက်လာခဲ့ပြီး အခုတစ်ခါမှာတော့ Alienoid ဇာတ်ကားရဲ့သရုပ်ဆောင်တွေဖြစ်တဲ့ ပရိသတ်အချစ်တော်မင်းသမီး Kim Tae Ri နဲ့ နာမည်ကျော်မင်းသား So Ji Sub တို့ အပါအဝင် ဒါရိုက်တာ Choi Dong Hoon တို့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။

ဇူလိုင်လ(၂၇)ရက်နေ့မှာတော့ ဒါရိုက်တာ Choi Dong Hoon နဲ့ So Ji Sub တို့နှစ်ဦးဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ(၂၈)ရက်နေ့မှာတော့ Kim Tae Ri ရဲ့အေဂျင်စီက မင်းသမီးရောဂါပိုးကူးစက်ခံခဲ့ရတဲ့အကြောင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါရိုက်တာChoi Dong Hoon နဲ့ Kim Tae Ri တို့ကတော့ ရောဂါပိုးကူးစက်ခံရတာကြောင့်Alienoid ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုနှုတ်ဆက်မယ့်ပွဲမှာ တက်ရောက်နိုင်ခြင်းမရှိတော့ပါဘူး။


အပိုင်း(၂)ပိုင်းပါဝင်တဲ့Alienoid ဇာတ်ကားကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့အချိန်တံခါးပွင့်တဲ့အချိန်မှာ ဒဏ္ဍာရီလာဓားကို ရှာဖွေဖို့အတွက် Goryeo မင်းဆက်ခေတ် နဲ့(၂၀၂၂)ခုနှစ်တွေကြားမှာချိတ်ဆက်မိပြီး လူသားတစ်ယောက်ရဲ့ကိုယ်ခန္ဓာထဲမှာပိတ်မိနေတဲ့ဂြိုဟ်သားတစ်ယောက်ကိုခြေရာခံတဲ့ အကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


ÃÖµ¿ÈÆ °¨µ¶ 7³â ¸¸ÀÇ ½ÅÀÛ, ¿µÈ­ ‘¿Ü°è+ÀÎ’ 1ºÎ Á¦ÀÛ¹ßǥȸ
(¼­¿ï=¿¬ÇÕ´º½º) ·ùÈ¿¸² ±âÀÚ = ¹è¿ì ±èÀǼº(¿ÞÂʺÎÅÍ), Á¶¿ìÁø, ¿°Á¤¾Æ, ÃÖµ¿ÈÆ °¨µ¶, ¼ÒÁö¼·, ±èŸ®, ±è¿ìºó, ·ùÁØ¿­ÀÌ 23ÀÏ ¼­¿ï ¿©Àǵµ ÄÜ·¡µåÈ£ÅÚ¿¡¼­ ¿­¸° ¿µÈ­ ‘¿Ü°è+ÀÎ’ 1ºÎ Á¦ÀÛ¹ßǥȸ¿¡¼­ Æ÷Á ÃëÇÏ°í ÀÖ´Ù. 2022.6.23
ryousanta@yna.co.kr/2022-06-23 12:36:19/
