စစ်မှုထမ်းဆောင်ရတော့မယ့် Extraordinary Attorney Woo ဇာတ်လမ်းတွဲမင်းသား

Posted on

မင်းသား Kang Tae Oh ကတော့ လက်ရှိရေပန်းစားနေတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့အတူနာမည်ကြီးနေသူတစ်ယောက်ပါ။ သူ့ကိုတော့ အခြားရုပ်သံဇာတ်လမ်းတွဲတွေမှာပရိသတ်တွေမြင်တွေ့ဖူးကြမှာပါ။ လက်ရှိပြသနေတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ သူ့ရဲ့အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။


အသက်(၂၈)နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားကတော့ ဒီနှစ်မကုန်ခင်မှာစစ်မှုထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Man of Creation ကတော့ ဒီသတင်းကိုအတည်ပြုခဲ့ပါတယ်။ “မင်းသားကတော့ နှစ်ကုန်ပိုင်းမှာစစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။သူကတော့ ဆင့်ခေါ်စာကိုလက်ခံရရှိခြင်းမရှိသေးတဲ့အတွက်လည်း စောင့်ဆိုင်းနေပါတယ်။” လို့ဆိုပါတယ်။


မင်းသားကတော့ UDT ဒါမှမဟုတ် မရိန်းတပ်ကိုရွေးချယ်လိုတာလည်း ဖြစ်ပါတယ်။ UDT လို အထူးတပ်ဖွဲ့တွေနဲ့ မရိန်းတပ်တွေကတော့ စာမေးပွဲထပ်မံဖြေဆို ရပါသေးတယ်။ ဒါကြောင့်မင်းသားကတော့ ပုံမှန်စစ်မှုထမ်းသူတစ်ယော်အနေနဲ့ပါဝင်သွားမှာပါ။ သူ့ရဲ့စစ်မှုထမ်းချိန်ကတော့ သြဂုတ်လနဲ့ စက်တင်ဘာလနှောင်းပိုင်းတွေမှာ စတင်ရမယ်လို့ မျှော်မှန်းထားပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလွမ်းနေရတော့မှာအမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

စစ္မႈထမ္းေဆာင္ရေတာ့မယ့္ Extraordinary Attorney Woo ဇာတ္လမ္းတြဲမင္းသား
မင္းသား Kang Tae Oh ကေတာ့ လက္ရွိေရပန္းစားေနတဲ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲနဲ႔အတူနာမည္ႀကီးေနသူတစ္ေယာက္ပါ။ သူ႔ကိုေတာ့ အျခား႐ုပ္သံဇာတ္လမ္းတြဲေတြမွာပရိသတ္ေတြျမင္ေတြ႕ဖူးၾကမွာပါ။ လက္ရွိျပသေနတဲ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲကေတာ့ သူ႔ရဲ႕အေအာင္ျမင္ဆုံးဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။


အသက္(၂၈)ႏွစ္ရွိေနၿပီျဖစ္တဲ့ မင္းသားကေတာ့ ဒီႏွစ္မကုန္ခင္မွာစစ္မႈထမ္းေဆာင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Man of Creation ကေတာ့ ဒီသတင္းကိုအတည္ျပဳခဲ့ပါတယ္။ “မင္းသားကေတာ့ ႏွစ္ကုန္ပိုင္းမွာစစ္မႈထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။သူကေတာ့ ဆင့္ေခၚစာကိုလက္ခံရရွိျခင္းမရွိေသးတဲ့အတြက္လည္း ေစာင့္ဆိုင္းေနပါတယ္။” လို႔ဆိုပါတယ္။
မင္းသားကေတာ့ UDT ဒါမွမဟုတ္ မရိန္းတပ္ကိုေ႐ြးခ်ယ္လိုတာလည္း ျဖစ္ပါတယ္။ UDT လို အထူးတပ္ဖြဲ႕ေတြနဲ႔ မရိန္းတပ္ေတြကေတာ့ စာေမးပြဲထပ္မံေျဖဆို ရပါေသးတယ္။ ဒါေၾကာင့္မင္းသားကေတာ့ ပုံမွန္စစ္မႈထမ္းသူတစ္ေယာ္အေနနဲ႔ပါဝင္သြားမွာပါ။ သူ႔ရဲ႕စစ္မႈထမ္းခ်ိန္ကေတာ့ ၾသဂုတ္လနဲ႔ စက္တင္ဘာလေႏွာင္းပိုင္းေတြမွာ စတင္ရမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ပရိသတ္ေတြကေတာ့ သူ့ရဲ့အႏုပညာလွုပ္ရွားမွုေတြကိုလြမ္းေနရေတာ့မွာအမွန္ပါပဲေနာ္။