ကမ္ဘာတစ်ဝှမ်းပရိသတ်တွေကြား ရေပန်းစားကာ နံပါတ် (၁)နေရာကိုရောက်ရှိလာတဲ့ BLACKPINK ရဲ့ Ready for Love
Posted on
BLACKPINK ဟာထိပ်တန်းအမျိုးသမီးအဆိုတော်အဖွဲ့ဆိုတာ အသစ်ထွက်လာတဲ့သီချင်းနဲ့အတူ သက်သေပြခဲ့ပါတယ်။ ဇူလိုင်လ(၂၉)ရက်နေ့မှာ  Ready for Love ထွက်ရှိလာခဲ့တာဖြစ်ပြီး ဒီသီချင်းကတော့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့PUBG နဲ့ Collaboration လုပ်ထားတဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
BLACKPINK ကတော့ သီချင်းထွက်ရှိတာ(၂)နှစ်ခန့်ကြာတဲ့တိုင်အောင် ပရိသတ်တွေရဲ့အားပေးမျှော်လင့်မှုကိုအပြည့်အဝရရှိထားတာ တွေ့နိုင်ပါတယ်။ ဒီသီချင်းထွက်ပြီးနောက်မှာ တွစ်တာကဲ့သလို့ ပလက်ဖောင်းများစွာမှာ နံပါတ်တစ်နေရာရောက်ရှိကာရေပန်းစားနေတာ ဖြစ်ပါတယ်။ မကြည့်ရှုရသးတဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကထွက်ပေါ်ခဲ့ဖူးတဲ့သီချင်းတစ်ပုဒ်ဖြစ်ပေမဲ့လည်း Ready for Love ဟာ ယူကျူ့ဘ်မှာကြည့်ရှုနှုန်းများနေတာဖြစ်ပြီး ဒီနှစ်ရဲ့လူကြည့်အများဆုံးအမျိုးသမီးဖွဲ့ရဲ့သီချင်းတစ်ပုဒ်ဖြစ်လာဖွယ်ရာ ရှိပါတယ်။ BLACKPINK ဟာမကြာခင်မှာ အယ်လ်ဘမ်အသစ်နဲ့အတူ ပရိသတ်တွေဆီကိုပြန်လာဦးမှာပါ။ BLACKPINK ကတော့ အမြဲအောင်မြင်မှုတွေရရှိနေတဲ့အမျိုးသမီးအဖွဲ့ပါပဲပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်