အယ်လ်ဘမ်သစ်မထွက်ရှိခင်မှာ ကိုယ်အလေးချိန်သိသိသာသာကျဆင်းသွားခဲ့တဲ့ Jisoo

Posted on

BLACKPINK အဖွဲ့ကတော့ ထိပ်တန်းအမျိုးသမီးအဖွဲ့ဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာပါ။ မကြာခင်အချိန်အတွင်းမှာလည်း သီချင်းအယ်လ်ဘမ်သစ်ထွက်ရှိတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေက မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။


အခုရက်ပိုင်းအတွင်းမှာလည်း PUBG ဂိမ်းနဲ့ Collaboration လုပ်ထားတဲ့Ready For Love ဆိုတဲ့သီချင်းထွက်ရှိခဲ့ပြီး နံပါတစ်နေရာမှာရေပန်းစားနေခဲ့ပြန်တာပဲ ဖြစ်ပါတယ်။ BLACKPINK ကတော့ အဖွဲ့အလိုက်အနုပညာလှုပ်ရှားမှုတွေငြိမ်သက်နေခဲ့ပေမဲ့ အဖွဲ့ဝင်တွေကတော့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေရှိနေခဲ့ပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်အနေနဲ့ပါအနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ Jisooရဲ့ပုံရိပ်ကတော့ ပရိသတ်တွေကြားလူပြောများနေခဲ့ပြီး ကိုယ်အလေးချိန်တွကျဆင်းသွားတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။


BLACKPINK ဟာ မကြာခင်မှာ သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာဖြစ်ပြီး Comeback အတွက် အလုပ်ရှုပ်နေတာကြောင့် အခုလိုကိုယ်အလေးချိန်ကျသွားတာဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ပရိသတ်တွေကတော့ Jisoo ရဲ့မျက်နှာဟာအရင်ကထက်ချောင်ကျသွားတာကို သတိထားမိခဲ့ကြပါတယ်။ Jisoo တစ်ယောက်အတော်လေးပင်ပန်းနေတယ်ထင်ပါရဲ့ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

အယ္လ္ဘမ္သစ္မထြက္ရွိခင္မွာ ကိုယ္အေလးခ်ိန္သိသိသာသာက်ဆင္းသြားခဲ့တဲ့ Jisoo
BLACKPINK အဖြဲ႕ကေတာ့ ထိပ္တန္းအမ်ိဳးသမီးအဖြဲ႕ျဖစ္သလို ပရိသတ္ေတြရဲ႕အားေပးမႈကို ရရွိထားတာပါ။ မၾကာခင္အခ်ိန္အတြင္းမွာလည္း သီခ်င္းအယ္လ္ဘမ္သစ္ထြက္ရွိေတာ့မွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။


အခုရက္ပိုင္းအတြင္းမွာလည္း PUBG ဂိမ္းနဲ႔ Collaboration လုပ္ထားတဲ့Ready For Love ဆိုတဲ့သီခ်င္းထြက္ရွိခဲ့ၿပီး နံပါတစ္ေနရာမွာေရပန္းစားေနခဲ့ျပန္တာပဲ ျဖစ္ပါတယ္။ BLACKPINK ကေတာ့ အဖြဲ႕အလိုက္အႏုပညာလႈပ္ရွားမႈေတြၿငိမ္သက္ေနခဲ့ေပမဲ့ အဖြဲ႕ဝင္ေတြကေတာ့ တစ္ကိုယ္ေတာ္လႈပ္ရွားမႈေတြရွိေနခဲ့ပါတယ္။ အဆိုေတာ္တစ္ေယာက္အေနနဲ႔တင္မက သ႐ုပ္ေဆာင္အေနနဲ႔ပါအႏုပညာအလုပ္ေတြလုပ္ကိုင္ေနတဲ့ Jisooရဲ႕ပုံရိပ္ကေတာ့ ပရိသတ္ေတြၾကားလူေျပာမ်ားေနခဲ့ၿပီး ကိုယ္အေလးခ်ိန္တြက်ဆင္းသြားတယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ျပဳေနၾကပါတယ္။


BLACKPINK ဟာ မၾကာခင္မွာ သီခ်င္းအယ္လ္ဘမ္အသစ္ထြက္ရွိေတာ့မွာျဖစ္ၿပီး Comeback အတြက္ အလုပ္ရႈပ္ေနတာေၾကာင့္ အခုလိုကိုယ္အေလးခ်ိန္က်သြားတာျဖစ္ႏိုင္တယ္လို႔လည္း ယူဆေနၾကပါတယ္။ ပရိသတ္ေတြကေတာ့ Jisoo ရဲ႕မ်က္ႏွာဟာအရင္ကထက္ေခ်ာင္က်သြားတာကို သတိထားမိခဲ့ၾကပါတယ္။ Jisoo တစ္ေယာက္အေတာ္ေလးပင္ပန္းေနတယ္ထင္ပါရဲ႕ ပရိသတ္ႀကီးေရ။