တောင်ကိုရီးယားနိုင်ငံကရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကတော့ ကမ္ဘာတစ်ဝှမ်းပိုပိုပြီး အောင်မြင်ကျော်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုကျော်ကြားလာတာကြောင့် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဟာ ကျော်ကြားတဲ့ဒရမ်မာဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးလေ့ရှိပါတယ်။
“W: Two Worlds” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကတော့ (၂၀၁၆) ခုနှစ်ထဲမှာထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားLee Jong Suk နဲ့ မင်းသမီး Han Hyo Joo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ တရုတ်နိုင်ငံက ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ သြဂုတ်လမှာစတင်ရိုက်ကူးပြီး ရိုက်ကူးချိန်ဟာ (၁၅)ရက်သာကြာမယ်လို့ သိရပါတယ်။
ဇာတ်ကားတစ်ခုကိုပြန်လည်ရိုက်ကူးတာကတော့ မလွယ်လှပါဘူး။ ဇာတ်ညွှန်း၊ မူပိုင်ခွင့်နဲ့ မှန်ကန်တဲ့သရုပ်ဆောင်တွေရွေးချယ်ဖို့က အရေးကြီးပါတယ်။ (၁၅)ရက်ခန့်သာအချိန်ယူပြီး ရိုက်ကူးမယ့်အတွက် အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက စိတ်ပူနေကြပါတယ်။ ဒီဇာတ်ကားကိုရိုက်ကူးမယ်ဆိုတဲ့သတင်းကလည်း အခုချိန်ထိအတည်ပြုဖို့လိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
တ႐ုတ္ဗားရွင္းနဲ႔ျပန္လည္႐ိုက္ကူးမယ့္ မင္းသား Lee Jong Suk ရဲ႕ ဒရမ္မာဇာတ္လမ္းတြဲ
ေတာင္ကိုရီးယားႏိုင္ငံက႐ုပ္ရွင္နဲ႔ဇာတ္လမ္းတြဲေတြကေတာ့ ကမာၻတစ္ဝွမ္းပိုပိုၿပီး ေအာင္ျမင္ေက်ာ္ၾကားလာခဲ့ၿပီ ျဖစ္ပါတယ္။ အခုလိုေက်ာ္ၾကားလာတာေၾကာင့္ ဗီယက္နမ္၊ ထိုင္း၊ ဂ်ပန္နဲ႔ တ႐ုတ္ႏိုင္ငံေတြဟာ ေက်ာ္ၾကားတဲ့ဒရမ္မာဇာတ္ကားေတြကို ျပန္လည္႐ိုက္ကူးေလ့ရွိပါတယ္။
“W: Two Worlds” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကေတာ့ (၂၀၁၆) ခုႏွစ္ထဲမွာထြက္ရွိခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကား ေရပန္းစားခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ မင္းသားLee Jong Suk နဲ႔ မင္းသမီး Han Hyo Joo တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ တ႐ုတ္ႏိုင္ငံက ျပန္လည္႐ိုက္ကူးမယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားကိုေတာ့ ၾသဂုတ္လမွာစတင္႐ိုက္ကူးၿပီး ႐ိုက္ကူးခ်ိန္ဟာ (၁၅)ရက္သာၾကာမယ္လို႔ သိရပါတယ္။
ဇာတ္ကားတစ္ခုကိုျပန္လည္႐ိုက္ကူးတာကေတာ့ မလြယ္လွပါဘူး။ ဇာတ္ၫႊန္း၊ မူပိုင္ခြင့္နဲ႔ မွန္ကန္တဲ့သ႐ုပ္ေဆာင္ေတြေ႐ြးခ်ယ္ဖို႔က အေရးႀကီးပါတယ္။ (၁၅)ရက္ခန႔္သာအခ်ိန္ယူၿပီး ႐ိုက္ကူးမယ့္အတြက္ အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက စိတ္ပူေနၾကပါတယ္။ ဒီဇာတ္ကားကို႐ိုက္ကူးမယ္ဆိုတဲ့သတင္းကလည္း အခုခ်ိန္ထိအတည္ျပဳဖို႔လိုအပ္ေနေသးတယ္လို႔လည္း သိရပါတယ္။