အယ်လ်ဘမ်သစ် BORN PINKရဲ့ Trailer နဲ့အတူ ပရိသတ်တွေဆီပြန်လာမယ့်အကြောင်းကြေညာခဲ့တဲ့ BLACKPINK

Posted on

ထိပ်တန်းအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာပါ။ သူတို့အဖွဲ့ကတော့ အဖွဲ့လိုက်တင်မက တစ်ယောက်ချင်းစီလည်း ထူးချွန်အောင်မြင်ကြသူတွေ ဖြစ်ပါတယ်။ သီချင်းအသစ်ထွက်ရှိတာ(၂)နှစ်ခန့်ရှိနေပြီဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့အဖွဲ့ရဲ့ Comback ကိုမျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။


သြဂုတ်လ(၁)ရက်နေ့မှာ အယ်လ်ဘမ်အသစ်ရဲ့Trailer နဲ့အတူ ပရိသတ်တွေကို ကြေညာခဲ့ပါတယ်။ Trailer ထဲမှာတော့ သြဂုတ်လထဲမှာတော့ pre-release single သီချင်း၊ စက်တင်ဘာမှာတော့ သီချင်းအယ်လ်ဘမ် နဲ့ World Tour ကတော့ အောက်တိုဘာလမှာစတင်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Born Pink ရဲ့ Trailer ကတော့ ပရိသတ်တွေကြားရေပန်းစားနေတာဖြစ်တာကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်။

Born Pink ရဲ့ Trailerဟာ Ready For Love သီချင်းကဲ့သို့ လက်ရှိရေပန်းအစားနေဆုံးဗီဒီယိုတစ်ခုဖြစ်လာခဲ့ပါတယ်။ (၂)နှစ်ကြာပြီးနောက်မှာ အမိုက်စားသီချင်းတွေနဲ့ BLACKPINK ကတော့ ပရိသတ်တွေဆီပြန်လာတော့မှာပါ။ ရင်ခုန်နေကြပြီလားပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်




