Hyun Bin နဲ့ YoonA တို့ပါဝင်တဲ့ Confidential Assignment 2: International ဇာတ်ကား

Posted on

မကြာခင်မှာတော့ Hyun Bin ကို မင်းသမီး YoonA နဲ့တွဲပြီးတော့ ရုပ်ရှင်ဇာတ်ကားအသစ်နဲ့အတူ တွေ့ရဦးမှာပါ။ ဇာတ်ကားနာမည်ကတော့ Confidential Assignment 2: International ဖြစ်ပြီး အမိုက်စားအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ Hyun Bin ကို မြောက်ကိုရီးယားနိုင်ငံရဲ့အထက်တန်းလွှာတစ်ယောက်ဖြစ်ပြီး စုံထောက်တစ်ယောက်ဖြစ်သူ Im Cheol Ryung အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။ သူကတော့ မြောက်ကိုရီးယားနိုင်ငံရာဇာဝတ်မှုစုံစမ်းရေးအဖွဲ့အစည်းရဲ့တာဝန်နဲ့ တောင်ကိုရီးယားနိုင်ငံစုံထောက် Kang Jin Tae နဲ့တွဲဖက်ပြီး လုပ်ကိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မင်းသမီးချော YoonA ကို Im Cheol Ryung ကိုသဘောကျနေပြီး Kang Jin Tae ရဲ့ခယ်မဖြစ်သူ Park Min Young နေရာကနေတွေ့ရမှာပါ။

Confidential Assignment ဇာတ်ကားဟာ (၂၀၁၇) ကထွက်ရှိခဲ့ပြီး အတော်လေးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတင်ကြည့်ရှုသူ (၇.၈၁) သန်းရှိခဲပြီး နောက်ထပ်ထွက်ရှိလာမယ့် ဇာတ်ကားသစ်ကိုစောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Confidential Assignment 2: International ကို စက်တင်ဘာလမှာ ပြသသွားမှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

