လက်ထပ်ပြီးနောက်ပိုမိုနုပျိုလှပနေတဲ့မင်းသမီးချော Jang Na Ra
Posted on
ပရိသတ်ချစ်တဲ့နာမည်ကျော်မင်းသမီးချောလေး Jang Na Ra ကတော့ မင်္ဂလာဆောင်ပြီးနောက်မှာ ပျားရည်ဆမ်းခရီးကိုထွက်နေတာပဲ ဖြစ်ပါတယ်။ ဇူလိုင်လ(၃၀)ရက်နေ့မှာတေ့ာ မင်းသမီးရဲ့အစ်ကိုဖြစ်သူ Jang Sung Won တောသူ့ရဲ့အချစ်တော်ခွေးလေးနဲ့ကစားနေတာကို ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။
သူကတော့ Jang Na Ra တစ်ယောက် ခွေးကိုချီထားတဲ့လူတစ်ယောက်နဲ့အတူ ဆဲလ်ဖီရိုက်ထားတဲ့ပုံရိပ်ကိုလည်း တင်ခဲ့ပါသေးတယ်။ Jang Na Ra တို့ မောင်နှမနှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ အဆင်ပြေတယ်ဆိုတာကို ပရိသတ်တွေသတိထားမိစရာပါပဲ။ အသက်(၄၀)ရှိနေပြီဖြစ်တဲ့ Jang Na Ra ရဲ့ပုံတွေကတော့ ချစ်စရာကောင်းပြီး နုနယ်နေတာကြောင့် ပရိသတ်ကိုအချစ်ပိုနေစေပြန်ပါတယ်။ သူကတော့ ကျစ်ဆံမြီးကိုနှစ်ဖက်ခွဲစည်းထားပြီး တောက်ပတဲ့အပြုံးတွေနဲ့ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။
မင်းသမီးကတော့ အသက်(၆)နှစ်ငယ်သူ ကင်မရာဒါရိုက်တာနဲ့ (၂)နှစ်ကြာတွဲပြီးနောက် ဇွန်လနှောင်းပိုင်းက လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လက်ထပ်ပြီးနောက်ပိုင်း ပိုမိုလှပလာပြီး နုပျိုနေတဲ့ချစ်စရာပုံရိပ်လေးကတော့ ပရိသတ်တွေကြားလူပြောများနေပြန်တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်