Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာ မထင်မှတ်ထားလောက်အောင် ရေပန်းစားခဲ့တဲ့အတွက် မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ရတယ်ဆိုတဲ့မင်းသားKang Ki Young

Posted on

Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ အော်တစ်ဇင်ရောဂါရှိတဲ့အမျိုးသမီးရှေ့နေလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းစီဟာ ပရိသတ်တွေကိုရသအမျိုးမျိုးနဲ့ဆွဲခေါ်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာတင်မက ပြည်ပနိုင်ငံများစွာမှာရေပန်းစားတဲ့အထိလည်း မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့တာပါ။


ဒီဇာတ်ကားထဲမှာပါဝင်ထားတဲ့မင်းသား Kang Ki Young ကတော့ ရေဒီယိုအစီအစဉ်တစ်ခုဖြစ်တဲ့ Two O’Clock Date Muse မှာပါဝင်ခဲ့ပါတယ်။ သူကတော့ ဒရမ်မာပြီးသွားတာကြောင့် အလုပ်အရမ်းမရှုပ်သလို ဒရမ်မာကိုကြည့်ရှုသူရဲ့နေရာကနေ ကြည့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒရမ်မာနဲ့ပတ်သက်ပြီးလည်း မမျှော်လင့်ထားလောက်အောင် ရေပန်းစားခဲ့တဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


Extraordinary Attorney Woo ဇာတ်ကားဟာ အခုလောက်အထိရေပန်းစားအောင်မြင်ပြီး လူကြိုက်များခဲ့မယ်လို့ လုံးဝမထင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေအနေနဲ့အပျော်တမ်းကြည့်ရှုရုံလောက်ပဲ ဖြစ်လိမ့်မယ်လို့ တွေးခဲ့ပြီး အပိုင်း(၁)နဲ့ (၂)မှာတင် ကြည့်ရှုနှုန်းတွေထိုးတက်ခဲ့ကာအလွန်အောင်မြင်ခဲ့တာကြောင့် မျက်ရည်ကျတဲ့အထိပျော်ခဲ့ရတယ်လို့ ဆိုပြီးပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Extraordinary Attorney Woo ဇာတ္လမ္းတြဲဟာ မထင္မွတ္ထားေလာက္ေအာင္ ေရပန္းစားခဲ့တဲ့အတြက္ မ်က္ရည္က်တဲ့အထိျဖစ္ခဲ့ရတယ္ဆိုတဲ့မင္းသားKang Ki Young
Extraordinary Attorney Woo ဇာတ္လမ္းတြဲကေတာ့ ေအာ္တစ္ဇင္ေရာဂါရွိတဲ့အမ်ိဳးသမီးေရွ႕ေနေလးအေၾကာင္း ႐ိုက္ကူးထားတာျဖစ္ၿပီး အပိုင္းတစ္ပိုင္းခ်င္းစီဟာ ပရိသတ္ေတြကိုရသအမ်ိဳးမ်ိဳးနဲ႔ဆြဲေခၚသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ျပည္တြင္းမွာတင္မက ျပည္ပႏိုင္ငံမ်ားစြာမွာေရပန္းစားတဲ့အထိလည္း မထင္မွတ္ထားေလာက္ေအာင္ ေအာင္ျမင္ခဲ့တာပါ။


ဒီဇာတ္ကားထဲမွာပါဝင္ထားတဲ့မင္းသား Kang Ki Young ကေတာ့ ေရဒီယိုအစီအစဥ္တစ္ခုျဖစ္တဲ့ Two O’Clock Date Muse မွာပါဝင္ခဲ့ပါတယ္။ သူကေတာ့ ဒရမ္မာၿပီးသြားတာေၾကာင့္ အလုပ္အရမ္းမရႈပ္သလို ဒရမ္မာကိုၾကည့္ရႈသူရဲ႕ေနရာကေန ၾကည့္ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒရမ္မာနဲ႔ပတ္သက္ၿပီးလည္း မေမွ်ာ္လင့္ထားေလာက္ေအာင္ ေရပန္းစားခဲ့တဲ့ေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။
Extraordinary Attorney Woo ဇာတ္ကားဟာ အခုေလာက္အထိေရပန္းစားေအာင္ျမင္ၿပီး လူႀကိဳက္မ်ားခဲ့မယ္လို႔ လုံးဝမထင္ခဲ့ဘူးလို႔ ဆိုပါတယ္။ ဒီဇာတ္ကားကို ပရိသတ္ေတြအေနနဲ႔အေပ်ာ္တမ္းၾကည့္ရႈ႐ုံေလာက္ပဲ ျဖစ္လိမ့္မယ္လို႔ ေတြးခဲ့ၿပီး အပိုင္း(၁)နဲ႔ (၂)မွာတင္ ၾကည့္ရႈႏႈန္းေတြထိုးတက္ခဲ့ကာအလြန္ေအာင္ျမင္ခဲ့တာေၾကာင့္ မ်က္ရည္က်တဲ့အထိေပ်ာ္ခဲ့ရတယ္လို႔ ဆိုၿပီးေျပာျပခဲ့ပါတယ္။