Ready For Love သီချင်းနဲ့အတူ နောက်ထပ်စံချိန်သစ်တွေချိုးခဲ့ပြန်တဲ့ BLACKPINK

Posted on

BLACKPINK ကတော့ အယ်လ်ဘမ်မထွက်ရှိခင်မှာပင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေ ရရှိနေခဲ့ပြန်ပါပြီ။ မကြာသေးခင်ကတင် PUBG ဂိမ်းနဲ့အတူ Collaboration လုပ်ကာ သီချင်းတစ်ပုဒ်ထွက်ရှိခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းကတော့ Ready For Love ဖြစ်ပါတယ်။


ဒီသီချင်းဗီဒီယိုထဲမှာတော့ အဖွဲ့ဝင်လေးဦးကို virtual avatars တွေအဖြစ် ဂိမ်းထဲကရှုပ်ထွေးနဲ့ကမ္ဘာထဲမှာ ဖန်တီးထားပါတယ်။ ဒီသီချင်းကတော့ စတင်ထွက်ရှိချိန်မှာတင် အကောင်းမြင်မှတ်ချက်တွေရရှိခဲ့ပြီး ဂိမ်းလောကမှာလည်း လူကြိုက်အများဆုံးဗီဒီယိုတွေထဲကတစ်ခုအဖြစ်စံချိန်တင်နေပါတယ်။ ဒီသီချင်းနဲ့အတူ နာမည်ကျော်ဆုပေးပွဲတစ်ခုဖြစ်တဲ့ (၂၀၂၂) ခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာ Best Metaverse Performance ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားပါတယ်။


အခုဆိုရင် အခြားဂိမ်းတွေဖြစ်တဲ့ League of Legends K/DA ဒါမှမဟုတ် BTSxMinecraft တို့ကိုကျော်တက်ပြီးတော့ (၂၄)နာရီအတွင်း ကြည့်ရှုနှုန်း(၁၅.၇)သန်းရရှိကာ ကြည်ရှုသူအများဆုံး Game Collaboration MV အဖြစ်စံချိန်ချိုးခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Ready For Love သီခ်င္းနဲ႔အတူ ေနာက္ထပ္စံခ်ိန္သစ္ေတြခ်ိဳးခဲ့ျပန္တဲ့ BLACKPINK
BLACKPINK ကေတာ့ အယ္လ္ဘမ္မထြက္ရွိခင္မွာပင္လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြ ရရွိေနခဲ့ျပန္ပါၿပီ။ မၾကာေသးခင္ကတင္ PUBG ဂိမ္းနဲ႔အတူ Collaboration လုပ္ကာ သီခ်င္းတစ္ပုဒ္ထြက္ရွိခဲ့ပါေသးတယ္။ အဲ့ဒီသီခ်င္းကေတာ့ Ready For Love ျဖစ္ပါတယ္။


ဒီသီခ်င္းဗီဒီယိုထဲမွာေတာ့ အဖြဲ႕ဝင္ေလးဦးကို virtual avatars ေတြအျဖစ္ ဂိမ္းထဲကရႈပ္ေထြးနဲ႔ကမာၻထဲမွာ ဖန္တီးထားပါတယ္။ ဒီသီခ်င္းကေတာ့ စတင္ထြက္ရွိခ်ိန္မွာတင္ အေကာင္းျမင္မွတ္ခ်က္ေတြရရွိခဲ့ၿပီး ဂိမ္းေလာကမွာလည္း လူႀကိဳက္အမ်ားဆုံးဗီဒီယိုေတြထဲကတစ္ခုအျဖစ္စံခ်ိန္တင္ေနပါတယ္။ ဒီသီခ်င္းနဲ႔အတူ နာမည္ေက်ာ္ဆုေပးပြဲတစ္ခုျဖစ္တဲ့ (၂၀၂၂) ခုႏွစ္ရဲ႕ VMAs ဆုေပးပြဲမွာ Best Metaverse Performance ဆုအတြက္လည္း ဆန္ကာတင္စာရင္းဝင္ထားပါတယ္။
အခုဆိုရင္ အျခားဂိမ္းေတြျဖစ္တဲ့ League of Legends K/DA ဒါမွမဟုတ္ BTSxMinecraft တို႔ကိုေက်ာ္တက္ၿပီးေတာ့ (၂၄)နာရီအတြင္း ၾကည့္ရႈႏႈန္း(၁၅.၇)သန္းရရွိကာ ၾကည္ရႈသူအမ်ားဆုံး Game Collaboration MV အျဖစ္စံခ်ိန္ခ်ိဳးခဲ့ပါတယ္။