ရုပ်ရှင်ရိုက်ကူးရင်းမျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်းသမီး Han So Hee

Posted on

သြဂုတ်လ(၃)ရက်နေ့မှာတော့ မင်းသမီး Han So Hee ရဲ့အေဂျင်စီဖြစ်တဲ့ 9ato Entertainment ကတော့ ဒရမ်မာ Gyeongseong Creature ရိုက်ကူးရင်း မျက်နှာမှာအသေးစားထိခိုက်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ ချက်ချင်းဆိုသလို အရေးပေါ်ကုသမှုပြုခဲ့တာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ထိခိုက်မှုဟာအသေးစားဖြစ်ပြီး ဆာဂျရီလုပ်ဖို့မလိုအပ်ဘူးလို့ သိရပါတယ်။


ရိုက်ကွင်းမှာတော့ ပြင်းပြင်းထန်ထန်လုပ်ဆောင်ရတဲ့အခြေအနေမျိုးမဟုတ်ဘဲ မင်းသမီးဟာသူ့ရဲ့ခန္ဓာကိုယ်ကို ပုံမှန်အတိုင်းအသုံးပြုရင်း ထိခိုက်မှုဖြစ်ခဲ့တာပါ။ ရိုက်ကွင်းဝန်ထမ်းတွေကတော့ မျက်နှာမှာအမာရွတ်ကျန်နိုင်တာကြောင့် စိတ်ပူပန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မင်းသမီးကတော့ လတ်တလောမှာရုပ်ရှင်ရိုက်ကူးရေးပြန်လည်မစတင်သေးဘဲ အနားယူရဦးမှာပါ။ ရိုက်ကူးရေးတွေပြန်လည်မစတင်ခင်အထိအချိန်အနည်းငယ်ယူကာ အနားယူဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


လက်ရှိရိုက်ကူးနေတဲ့ Gyeongseong Creature ကတော့ (၁၉၄၅) ခုနှစ်မှာသောင်းကျန်းနေခဲ့တဲ့ Gyeongseong ဆိုတဲ့မကောင်းဆိုးဝါးကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့လူငယ်တွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Han So Hee နဲ့ မင်းသား Park Seo Joon တို့ပါဝင်ထားတာပါ။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရွင္႐ိုက္ကူးရင္းမ်က္ႏွာမွာထိခိုက္ဒဏ္ရာရခဲ့တဲ့ မင္းသမီး Han So Hee
ၾသဂုတ္လ(၃)ရက္ေန႔မွာေတာ့ မင္းသမီး Han So Hee ရဲ႕ေအဂ်င္စီျဖစ္တဲ့ 9ato Entertainment ကေတာ့ ဒရမ္မာ Gyeongseong Creature ႐ိုက္ကူးရင္း မ်က္ႏွာမွာအေသးစားထိခိုက္မႈ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ မင္းသမီးကေတာ့ ခ်က္ခ်င္းဆိုသလို အေရးေပၚကုသမႈျပဳခဲ့တာျဖစ္ပါတယ္။ ကံေကာင္းစြာနဲ႔ထိခိုက္မႈဟာအေသးစားျဖစ္ၿပီး ဆာဂ်ရီလုပ္ဖို႔မလိုအပ္ဘူးလို႔ သိရပါတယ္။


႐ိုက္ကြင္းမွာေတာ့ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ရတဲ့အေျခအေနမ်ိဳးမဟုတ္ဘဲ မင္းသမီးဟာသူ႔ရဲ႕ခႏၶာကိုယ္ကို ပုံမွန္အတိုင္းအသုံးျပဳရင္း ထိခိုက္မႈျဖစ္ခဲ့တာပါ။ ႐ိုက္ကြင္း၀န္ထမ္းေတြကေတာ့ မ်က္ႏွာမွာအမာ႐ြတ္က်န္ႏိုင္တာေၾကာင့္ စိတ္ပူပန္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ မင္းသမီးကေတာ့ လတ္တေလာမွာ႐ုပ္ရွင္႐ိုက္ကူးေရးျပန္လည္မစတင္ေသးဘဲ အနားယူရဦးမွာပါ။ ရိုက္ကူးေရးေတြျပန္လည္မစတင္ခင္အထိအခ်ိန္အနည္းငယ္ယူကာ အနားယူဖို့စီစဥ္ထားတယ္လို့လည္း သိရပါတယ္။


လက္ရွိ႐ိုက္ကူးေနတဲ့ Gyeongseong Creature ကေတာ့ (၁၉၄၅) ခုႏွစ္မွာ ေသာင္းက်န္းေနခဲ့တဲ့ Gyeongseong ဆိုတဲ့မေကာင္းဆိုးဝါးကို ရင္ဆိုင္တိုက္ခိုက္ၾကတဲ့လူငယ္ေတြအေၾကာင္း႐ိုက္ကူးထားတာျဖစ္ၿပီး မင္းသမီး Han So Hee နဲ႔ မင္းသား Park Seo Joon တို႔ပါဝင္ထားတာပါ။