Tale of the Nine-Tailed 1938 ရဲ့ရိုက်ကွင်းပုံရိပ်တွေကို မျှဝေခဲ့တဲ့ Lee Dong Wook

Posted on

ပရိသတ်တွေကတော့ Tale of the Nine-Tailed ထုတ်လွှင့်ဖို့ကို အတော်လေးမျှော်လင့်နေကြပါပြီ။ သြဂုတ်လ(၁)ရက်နေ့မှာတော့ မင်းသားချော Lee Dong Wook ဟာ Tale of the Nine-Tailed 1938 ရဲ့ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို အင်စတာဂရမ်ကနေတစ်ဆင့်ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။


မင်းသားကတော့ Tale of the Nine-Tailed 1938 အတွက်အလုပ်တွေကြိုးစားနေတယ် ဆိုပြီးတော့ရေးသားထားခဲ့ပြီး ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကိုမျှဝေခဲ့တာပါ။ ပုံ(၃)ပုံမှာတော့ ဇာတ်လမ်းတွဲတစ်ခုလုံးမှာဝတ်ဆင်မယ့်ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျောဘက်မှာချထားတဲ့အမိုက်စားဆံပင်ရှည်ပုံစံကိုတွေ့မြင်နိုင်ပါတယ်။ The Tale of the Nine-Tailed 1938 ကတော့ ထွက်ရှိခဲ့ပြီးပြီဖြစ်တဲ့ The Tale of the Nine-Tailed ရဲ့ prequel လည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားချော Lee Dong Wook (Lee Yeon) ရဲ့ဇာတ်ရုပ်ကို အဓိကထားရိုက်ကူးမှာ ဖြစ်ပါတယ်။ Lee Yeon ဟာ မမျှော်လင့်ထားတဲ့အခြေအနေမှာပါဝင်ပြီးနောက် (၁၉၃၈)ခုနှစ်ကို ပြန်သွားခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ Lee Yeon ရဲ့အတိတ်ကိုနက်နက်ရှိုင်းရှိုင်းပြန်သွားခဲ့ပြီး ညီဖြစ်သူနဲ့ပြန်တွေ့ရမှာပါ။ လက်ရှိအခြေအနေကိုပြန်လာဖို့အတွက်လည်း Lee Yeon တစ်ယောက်ရဲ့ ကြိုးစားရုန်းကန်ရပုံတွေကို ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Tale of the Nine-Tailed 1938 ရဲ႕႐ိုက္ကြင္းပုံရိပ္ေတြကို မွ်ေဝခဲ့တဲ့ Lee Dong Wook
ပရိသတ္ေတြကေတာ့ Tale of the Nine-Tailed ထုတ္လႊင့္ဖို႔ကို အေတာ္ေလးေမွ်ာ္လင့္ေနၾကပါၿပီ။ ၾသဂုတ္လ(၁)ရက္ေန႔မွာေတာ့ မင္းသားေခ်ာ Lee Dong Wook ဟာ Tale of the Nine-Tailed 1938 ရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္ပုံရိပ္ေတြကို အင္စတာဂရမ္ကေနတစ္ဆင့္ပရိသတ္ေတြကို မွ်ေဝခဲ့ပါတယ္။


မင္းသားကေတာ့ Tale of the Nine-Tailed 1938 အတြက္အလုပ္ေတြႀကိဳးစားေနတယ္ ဆိုၿပီးေတာ့ေရးသားထားခဲ့ၿပီး ႐ိုက္ကြင္းေနာက္ကြယ္ပုံရိပ္ေတြကိုမွ်ေဝခဲ့တာပါ။ ပုံ(၃)ပုံမွာေတာ့ ဇာတ္လမ္းတြဲတစ္ခုလုံးမွာဝတ္ဆင္မယ့္ေရွးေခတ္ဝတ္စုံကိုဝတ္ဆင္ထားၿပီး ေက်ာဘက္မွာခ်ထားတဲ့အမိုက္စားဆံပင္ရွည္ပုံစံကိုေတြ႕ျမင္ႏိုင္ပါတယ္။ The Tale of the Nine-Tailed 1938 ကေတာ့ ထြက္ရွိခဲ့ၿပီးၿပီျဖစ္တဲ့ The Tale of the Nine-Tailed ရဲ႕ prequel လည္း ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲမွာေတာ့ မင္းသားေခ်ာ Lee Dong Wook (Lee Yeon) ရဲ႕ဇာတ္႐ုပ္ကို အဓိကထား႐ိုက္ကူးမွာ ျဖစ္ပါတယ္။ Lee Yeon ဟာ မေမွ်ာ္လင့္ထားတဲ့အေျခအေနမွာပါဝင္ၿပီးေနာက္ (၁၉၃၈)ခုႏွစ္ကို ျပန္သြားခဲ့တဲ့အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဒီအပိုင္းမွာေတာ့ Lee Yeon ရဲ႕အတိတ္ကိုနက္နက္ရႈိင္းရႈိင္းျပန္သြားခဲ့ၿပီး ညီျဖစ္သူနဲ႔ျပန္ေတြ႕ရမွာပါ။ လက္ရွိအေျခအေနကိုျပန္လာဖို႔အတြက္လည္း Lee Yeon တစ္ေယာက္ရဲ႕ ႀကိဳးစား႐ုန္းကန္ရပုံေတြကို ၾကည့္ရႈရမွာလည္း ျဖစ္ပါတယ္။