ဒီဒရမ်မာဇာတ်လမ်းမှာသရုပ်ဆောင်အနေနဲ့ပါဝင်ခြင်းက Rain အတွက် စိန်ခေါ်မှုတစ်ခုကဲ့သို့ဖြစ်လာမလား

Posted on

နာမည်ကျော်အဆိုတော်သရုပ်ဆောင် Rain ကတော့ ဒါရိုက်တာ Kim Hyun Sik ရိုက်ကူးမယ့် tvN ကနေပြသမယ့် သမိုင်းကြောင်းနောက်ခံဒရမ်မာဇာတ်လမ်းတွဲအသစ် Shrub မှာ အထူးအနေနဲ့ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီဒရမ်မာကတော့ ဂျိုဆွန်းမင်းဆက်မှာ ပြဿနာဖြစ်စေတဲ့မင်သားတွေကို သင့်လျော်တဲ့မင်းသားတွေဖြစ်အောင်ကြိုးပမ်းပေးရမယ့် ဗဟိုအစိုးရရဲ့ရုန်းကန်ကြိုးစားမှုတွေကို ဖော်ပြထားတာပါ။ ဒီဇာတ်ကားကတော့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Kim Hye Soo အပြင် Choi Won Young နဲ့ Moon Sang Min တို့လည်း ပါဝင်ပါတယ်။ (၂၀၂၂) ခုနှစ်အောက်တိုဘာလမှာ စတင်ထုတ်လွှင့်သွားမယ်လို့လည်း သိရပါတယ်။


ဒီဇာတ်ကားမှာတော့ Rain ဟာ ဧည့်သည်သရုပ်ဆောင်အနေနဲ့သာ ပါဝင်မှာဖြစ်သော်လည်း ပထမဆုံးအကြိမ်သမိုင်းကြောင်းနောက်ခံရှေးခေတ်ကားကို ရိုက်ကူးတာလို့လည်း သိရပါတယ်။ ပရိသတ်တွေကလည်း နာမည်ကျော်သရုပ်ဆောင်တွေအပြင် Rain တစ်ယောက် Cameo အနေနဲ့ပါဝင်သွားမှာကို စိတ်ဝင်စားနေကြတာအမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ဒီဒရမ္မာဇာတ္လမ္းမွာသ႐ုပ္ေဆာင္အေနနဲ႔ပါဝင္ျခင္းက Rain အတြက္ စိန္ေခၚမႈတစ္ခုကဲ့သို႔ျဖစ္လာမလား
နာမည္ေက်ာ္အဆိုေတာ္သ႐ုပ္ေဆာင္ Rain ကေတာ့ ဒါ႐ိုက္တာ Kim Hyun Sik ႐ိုက္ကူးမယ့္ tvN ကေနျပသမယ့္ သမိုင္းေၾကာင္းေနာက္ခံဒရမ္မာဇာတ္လမ္းတြဲအသစ္ Shrub မွာ အထူးအေနနဲ႔ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။


ဒီဒရမ္မာကေတာ့ ဂ်ိဳဆြန္းမင္းဆက္မွာ ျပႆနာျဖစ္ေစတဲ့မင္သားေတြကို သင့္ေလ်ာ္တဲ့မင္းသားေတြျဖစ္ေအာင္ႀကိဳးပမ္းေပးရမယ့္ ဗဟိုအစိုးရရဲ႕႐ုန္းကန္ႀကိဳးစားမႈေတြကို ေဖာ္ျပထားတာပါ။ ဒီဇာတ္ကားကေတာ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Kim Hye Soo အျပင္ Choi Won Young နဲ႔ Moon Sang Min တို႔လည္း ပါဝင္ပါတယ္။ (၂၀၂၂) ခုႏွစ္ေအာက္တိုဘာလမွာ စတင္ထုတ္လႊင့္သြားမယ္လို႔လည္း သိရပါတယ္။
ဒီဇာတ္ကားမွာေတာ့ Rain ဟာ ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔သာ ပါဝင္မွာျဖစ္ေသာ္လည္း ပထမဆုံးအႀကိမ္သမိုင္းေၾကာင္းေနာက္ခံေရွးေခတ္ကားကို ႐ိုက္ကူးတာလို႔လည္း သိရပါတယ္။ ပရိသတ္ေတြကလည္း နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြအျပင္ Rain တစ္ေယာက္ Cameo အေနနဲ႔ပါဝင္သြားမွာကို စိတ္ဝင္စားေနၾကတာအမွန္ပါပဲေနာ္။