တွဲဖက်သရုပ်ဆောင်ဖြစ်ခဲ့ဖူးတဲ့ Kim Se Jung ကို ချစ်ခင်ကြောင်းပြသခဲ့တဲ့ Kim Min Kyu

Posted on

Kim Se Jung နဲ့ Kim Min Kyu တို့ကတော့ အောင်မြင်ခဲ့တဲ့ Business Proposal ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ကြတာပါ။ ဒီဇာတ်ကားကတွဲဖက်သရုပ်ဆောင်တွေကတော့အတော်လေးခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး ဇာတ်ကားရိုက်ပြီးနောက်ပိုင်းမှာလည်း သူတို့တွေရဲ့ဆက်ဆံရေးကတော့အဆင်ပြေနေကြတယ်ဆိုတာကို တွေ့ရပါတယ်။


မင်းသမီး Kim Se Jung ကတော့ လက်ရှိအချိန်မှာပြသနေတဲ့ Today’s Webtoon ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပါ။ ရုပ်ရှင်ရိုက်ကွင်းကိုတော့ Kim Min Kyu က ကော်ဖီထရပ်ကားပို့ကာ အားပေးခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Kim Se Jung က ကော်ဖီထရပ်ကားရှေ့မှာရပ်နေတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပြီးတော့ ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။


သြဂုတ်လ(၄)ရက်နေ့မှာ “ဒါကဘာလဲ၊ ဒါကဘာလဲ၊ကျေးဇူးတင်ပါတယ် အကို ။ ရိုက်ကူးရေးလုပ်နေတုန်းမှာ ခွန်အားတွေရသွားလို့ ကျေးဇူးပါပဲ။ ကျွန်မပုခုံးတွေကတော့ တက်သွားပြီ” ဆိုပြီးတော့လည်း အခုလိုကော်ဖီထရပ်ကားပို့ပေးတာကိုအင်စတာဂရမ်မှာရေးသားခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ Kim Se Jung ဟာ ကော်ဖီထရပ်ကားရှေ့မှာ ပျော်ရွှင်စွာပြုံးနေခဲ့ပြီး သူနဲ့ Kim Min Kyu တို့ကြားမှာရှိတဲ့သူငယ်ချင်းဆက်ဆံရေးအတွက်ဂုဏ်ယူနေပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

တြဲဖက္သ႐ုပ္ေဆာင္ျဖစ္ခဲ့ဖူးတဲ့ Kim Se Jung ကို ခ်စ္ခင္ေၾကာင္းျပသခဲ့တဲ့ Kim Min Kyu

Kim Se Jung နဲ႔ Kim Min Kyu တို႔ကေတာ့ ေအာင္ျမင္ခဲ့တဲ့ Business Proposal ဇာတ္လမ္းတြဲမွာ အတူသ႐ုပ္ေဆာင္ခဲ့ၾကတာပါ။ ဒီဇာတ္ကားကတြဲဖက္သ႐ုပ္ေဆာင္ေတြကေတာ့အေတာ္ေလးခင္မင္ရင္းႏွီးခဲ့ၾကတာျဖစ္ၿပီး ဇာတ္ကား႐ိုက္ၿပီးေနာက္ပိုင္းမွာလည္း သူတို႔ေတြရဲ႕ဆက္ဆံေရးကေတာ့အဆင္ေျပေနၾကတယ္ဆိုတာကို ေတြ႕ရပါတယ္။


မင္းသမီး Kim Se Jung ကေတာ့ လက္ရွိအခ်ိန္မွာျပသေနတဲ့ Today’s Webtoon ဇာတ္လမ္းတြဲကို ႐ိုက္ကူးေနတာပါ။ ႐ုပ္ရွင္႐ိုက္ကြင္းကိုေတာ့ Kim Min Kyu က ေကာ္ဖီထရပ္ကားပို႔ကာ အားေပးခဲ့ပါတယ္။ ဒီအေၾကာင္းကိုေတာ့ Kim Se Jung က ေကာ္ဖီထရပ္ကားေရွ႕မွာရပ္ေနတဲ့ပုံကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာတင္ခဲ့ၿပီးေတာ့ ပရိသတ္ေတြကို မွ်ေဝခဲ့ပါတယ္။
ၾသဂုတ္လ(၄)ရက္ေန႔မွာ “ဒါကဘာလဲ၊ ဒါကဘာလဲ၊ေက်းဇူးတင္ပါတယ္ အကို ။ ႐ိုက္ကူးေရးလုပ္ေနတုန္းမွာ ခြန္အားေတြရသြားလို႔ ေက်းဇူးပါပဲ။ ကြၽန္မပုခုံးေတြကေတာ့ တက္သြားၿပီ” ဆိုၿပီးေတာ့လည္း အခုလိုေကာ္ဖီထရပ္ကားပို႔ေပးတာကိုအင္စတာဂရမ္မွာေရးသားခဲ့ပါတယ္။ ဓာတ္ပုံထဲမွာေတာ့ Kim Se Jung ဟာ ေကာ္ဖီထရပ္ကားေရွ႕မွာ ေပ်ာ္႐ႊင္စြာၿပဳံးေနခဲ့ၿပီး သူနဲ႔ Kim Min Kyu တို႔ၾကားမွာရွိတဲ့သူငယ္ခ်င္းဆက္ဆံေရးအတြက္ဂုဏ္ယူေနပုံပါပဲ။