ဇာတ်ကားသစ် ‘The Great Flood’ နဲ့ ပရိသတ်တွေဆီပြန်လာမယ့် Kim Da Mi

Posted on

မင်းသမီးချော Kim Da Mi ကတော့ သရုပ်ဆောင်ပိုင်နိုင်တဲ့မင်းသမီးတစ်လက်အဖြစ်လည်း ပရိသတ်တွေဆီကအချစ်တွေရရှိထားပါတယ်။ Itaewon Class (2020) နဲ့ Our Beloved Summer (2021-2022) စတဲ့ဇာတ်လမ်းတွဲတွေကြောင့်လည်း လူသိများပါတယ်။


Kim Da Mi ကတော့ Netflix ကနေတစ်ဆင့် ပရိသတ်တွေဆီပြန်လည် တွေ့ဆုံဦးမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဇာတ်လမ်းတွဲမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားThe Great Floodနဲ့အတူ ပရိသတ်တွေဆီပြန်လာမှာပါ။ ဒီဇာတ်ကားမှာတော့ မင်းသမီးချော Kim Da Mi နဲ့အတူ Money Heist Korea ဇာတ်ကားရဲ့မင်းသားဖြစ်တဲ့ Park Hae Sooလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။


The Great Flood ကတော့ သူတို့နေထိုင်ရာဒေသမှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြီးကို ရင်ဆိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတဲ့လူတွေရဲ့ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားမှာတော့ Kim Da Mi ဟာ AIဖွံ့ဖြိုးတိုးတက်ရေးသုတေသီတစ်ယောက်အဖြစ်ပါဝင်ထားပြီး ကြီးမားတဲ့ဆူနာမီကိုရင်ဆိုင်ဖို့အတွက် ရုန်းကန်ကြိုးစားပုံတွေကို တွေ့မြင်ရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်


