အယ်လ်ဘမ်အသစ်အတွက် သီချင်းအသံသွင်းနေစဉ်မှာ ငိုခဲ့မိတယ်ဆိုတဲ့ Girls’ Generation အဖွဲ့ဝင် YoonA

Posted on

ကေပေါပ့်လောကရဲ့ 2nd generationဖြစ်တဲ့ အိုင်ဒေါအဖွဲ့တွေထဲမှာ အောင်မြင်ကျော်ကြားခဲ့တဲ့အဖွဲ့ကတော့ Girls’ Generation ဖြစ်ပြီး ဒီအဖွဲ့ရဲ့ Comback ကလည်း ပရိသတ်တွေမျှော်လင့်နေခဲ့တဲ့အရာတစ်ခုဖြစ်ပါတယ်။ ပွဲဦးထွက်ပြီး (၁၅)နှစ်အကြာမှာတော့ အဖွဲ့ဝင်တွေဟာအယ်လ်ဘမ်အသစ် (Forever 1) နဲ့အတူ ပရိသတ်တွေဆီပြန်လာခဲ့ပါပြီ။


Girls’ Generation ကတော့ သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ(၅)ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ YoonA က သီချင်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကိုပြောပြခဲ့ပါတယ်။ YoonA ကတော့ ဒီအယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ Lucky Like That ကို အသံသွင်းခဲ့တဲ့အချိန်က သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ သူကတော့ ဒီသီချင်းစာသားတွေကို မြင်တဲ့အချိန်မှာမျက်ရည်မကျဘဲမနေနိုင်ခဲ့ပါဘူး။


သူကတော့ ဒီသီချင်းဟာ Girls’ Generation ရဲ့ အဆိုပုံစံနဲ့ သဟဇာတဖြစ်မှုက သီချင်းတွေထဲမှာအသိသာအထင်ရှားဆုံးလို့ဆိုပါတယ်။ ဒီသီချင်းစာသားတွေကတော့ အချိန်အကြာကြီးလိုချင်တဲ့စိတ်ဆန္ဒရှိနေရင် တစ်နေ့နေ့မှာရရှိလာလိမ့်မယ်လို့ ဆိုလိုတာပါ။ YoonA ကတော့ ဒီသီချင်းစာသားတွေကိုမြင်မြင်ချင်းမှာ “Girls’ Generation အဖွဲ့ရဲ့အမာခံပရိသတ်(SONE)တွေကို သတိရစေခဲ့တယ်။ ဒီသီချင်းမှာ အဖွဲ့ရဲ့စွမ်းအားတွေကိုလည်း ခံစားရစေတယ်။ ဒီသီချင်းကတော့ လူတော်တော်များများကြိုက်လိမ့်မယ်လို့ ကျွန်မသိတယ်” လို့ဆိုပါတယ်။ ဒီနေ့မှာထွက်ရှိခဲ့တဲ့ Forever 1 သီချင်းကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အယ္လ္ဘမ္အသစ္အတြက္ သီခ်င္းအသံသြင္းေနစဥ္မွာ ငိုခဲ့မိတယ္ဆိုတဲ့ Girls’ Generation အဖြဲ႕ဝင္ YoonA
ေကေပါပ့္ေလာကရဲ႕ 2nd generationျဖစ္တဲ့ အိုင္ေဒါအဖြဲ႕ေတြထဲမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့အဖြဲ႕ကေတာ့ Girls’ Generation ျဖစ္ၿပီး ဒီအဖြဲ႕ရဲ႕ Comback ကလည္း ပရိသတ္ေတြေမွ်ာ္လင့္ေနခဲ့တဲ့အရာတစ္ခုျဖစ္ပါတယ္။ ပြဲဦးထြက္ၿပီး (၁၅)ႏွစ္အၾကာမွာေတာ့ အဖြဲ႕ဝင္ေတြဟာအယ္လ္ဘမ္အသစ္ (Forever 1) နဲ႔အတူ ပရိသတ္ေတြဆီျပန္လာခဲ့ပါၿပီ။


Girls’ Generation ကေတာ့ သတင္းစာရွင္းလင္းပြဲကို ၾသဂုတ္လ(၅)ရက္ေန႔ကျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီပြဲမွာေတာ့ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ YoonA က သီခ်င္းေတြနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ခံစားခ်က္ေတြကိုေျပာျပခဲ့ပါတယ္။ YoonA ကေတာ့ ဒီအယ္လ္ဘမ္ထဲကသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Lucky Like That ကို အသံသြင္းခဲ့တဲ့အခ်ိန္က သူ႔ရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ သူကေတာ့ ဒီသီခ်င္းစာသားေတြကို ျမင္တဲ့အခ်ိန္မွာမ်က္ရည္မက်ဘဲမေနႏိုင္ခဲ့ပါဘူး။
သူကေတာ့ ဒီသီခ်င္းဟာ Girls’ Generation ရဲ႕ အဆိုပုံစံနဲ႔ သဟဇာတျဖစ္မႈက သီခ်င္းေတြထဲမွာအသိသာအထင္ရွားဆုံးလို႔ဆိုပါတယ္။ ဒီသီခ်င္းစာသားေတြကေတာ့ အခ်ိန္အၾကာႀကီးလိုခ်င္တဲ့စိတ္ဆႏၵရွိေနရင္ တစ္ေန႔ေန႔မွာရရွိလာလိမ့္မယ္လို႔ ဆိုလိုတာပါ။ YoonA ကေတာ့ ဒီသီခ်င္းစာသားေတြကိုျမင္ျမင္ခ်င္းမွာ “Girls’ Generation အဖြဲ႕ရဲ႕အမာခံပရိသတ္(SONE)ေတြကို သတိရေစခဲ့တယ္။ ဒီသီခ်င္းမွာ အဖြဲ႕ရဲ႕စြမ္းအားေတြကိုလည္း ခံစားရေစတယ္။ ဒီသီခ်င္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားႀကိဳက္လိမ့္မယ္လို႔ ကြၽန္မသိတယ္” လို႔ဆိုပါတယ္။ ဒီေန႔မွာထြက္ရွိခဲ့တဲ့ Forever 1 သီခ်င္းကိုလည္း ပရိသတ္ေတြကို ျပန္လည္မွ်ေဝလိုက္ပါတယ္။