ပထမဆုံးရိုက်ကူးခဲ့တဲ့စီးရီး “The Idol” မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ Jennie

BLACKPINK အဖွဲ့ဝင်အိုင်ဒေါတစ်ယောက်အနေနဲ့ ထူးချွန်တဲ့အရည်အချင်းတွေရှိတဲ့ Jennie ကတော့ HBO ရဲ့စီးရီးတစ်ခုမှာပါဝင်ပြီး သရုပ်ဆောင်ပိုင်းကို ပထမဆုံးခြေလှမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ The Weeknd နဲ့ Lily-Rose Depp စတဲ့နာမည်ကျော်တွေပါဝင်တဲ့ The Idol စီးရီးမှာ ပါဝင်ခဲ့တာပါ။


Jennie ကတော့ အလုပ်တိုင်းမှာအင်အားအပြည့်စိုက်ထုတ်တာကြောင့်လည်း လေးစားစရာပါ။ သူနဲ့အတူ The Idol စီးရီးမှာပါဝင်ခဲ့တဲ့ Dancer တစ်ယောက်ဖြစ်သူ Chelsea Fuji ကတော့ အင်စတာဂရမ်မှာ Jennie ကို မန်းရှင်းခဲ့ပါတယ်။ Chelsea ကတော့ ဒီစီးရီးမှာ Jennie ကအကောင်းဆုံးအလုပ်လုပ်ခဲ့တဲ့အကြောင်းကို ဖော်ပြပြောဆိုခဲ့ပါတယ်။


Jennie ကတော့ လက်ရှိမှာ BLACKPINK အဖွဲ့ရဲ့ သီချင်းသစ်အယ်လ်ဘမ်သစ်ထွက်ရှိမှုအတွက် ပြင်ဆင်နေတာကြောင့် အလုပ်များနေတာလည်း ဖြစ်ပါတယ်။ The Idol စီးရီးရိုက်ကူးရေးလုပ်ခဲ့ရာမှာလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမဲ့ ဘယ်အလုပ်ကိုမှမရပ်တန့်ခဲ့ဘဲ အလုပ်ကြိုးစားခဲ့တဲ့သူပါ။ Jennie ကတော့ ပထမဆုံးသရုပ်ဆောင်ခြေလှမ်းကို အင်အားအပြည့်စိုက်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




South Korean singer Jennie Kim poses during a photo call prior to the Chanel Women’s Spring-Summer 2020 Ready-to-Wear collection fashion show at the Grand Palais in Paris, on October 1, 2019. (Photo by FRANCOIS GUILLOT / AFP) (Photo credit should read FRANCOIS GUILLOT/AFP via Getty Images)


Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x