Aespa အဖွဲ့ပွဲဦးထွက်တဲ့နေ့ရက်တွေမှာ အမုန်းစကားတွေကြောင့် ခက်ခဲခဲ့ရတဲ့အကြောင်းပြောလာတဲ့ Karina

Posted on

Aespa အဖွဲ့ကတော့ လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့အမျိုးသမီးအဖွဲ့အဖြစ်ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ (၂၀၂၀)ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီအဖွဲ့ကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။ လက်ရှိမှာအောင်မြင်မှုတွေရရှိနေပေမဲ့ ခက်ခဲတဲ့အချိန်တွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။


မကြာသေးခင်ကတော့ Aespa အဖွဲ့ဝင်တွေဟာ အင်တာဗျူးတစ်ခုရှိခဲ့ပြီး ဒီအင်တာဗျူးမှာတော့ သူတို့အဖွဲ့ရဲ့ပွဲဦးထွက်ချိန်အစောပိုင်းနေ့ရက်တွေမှာ ခက်ခဲခဲ့ရတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ Karina ကတော့ “ပွဲဦးထွက်ဖို့အတွက်ကြေညာခဲ့ချိန်က ကျွန်မတို့ရဲ့ဓာတ်ပုံတွေကိုအွန်လိုင်းမှာတင်ခဲ့တယ်။ ပြီးတော့ ဆိုးဝါးတဲ့မှတ်ချက်တွေရခဲ့တယ်။ လူအများစုကတော့ ပွဲဦးထွက်တာနဲ့ပတ်သက်ပြီး တကယ့်ကိုသဘောမကျခဲ့တာပါ။ ကျွန်မတို့အဖွဲ့က အဲ့ဒီနှစ်ပိုင်းမှာ အေဂျင်စီကမွေးထုတ်ပေးတဲ့ပထမဆုံးအဖွဲ့ပါပဲ။


အမုန်းစကားတွေကြောင့် ကျွန်မတို့အားလုံးတကယ့်ကိုခက်ခဲခဲ့တယ်။ ဒီနေ့ရက်တွေမှာတော့ အားပေးပြီးချစ်ခင်တဲ့ပရိသတ်များစွာရှိနေပါပြီ။ ရိုးရိုးသားသားပြောရရင် စတင်ခဲ့ချိန်ကကျွန်မတို့အတွက်တကယ့်ကိုမလွယ်ခဲ့ပါဘူး။” လို့ ဆိုပါတယ်။ ခက်ခဲမှုတွေနဲ့စတင်ခဲ့ရတဲ့ Aespa ကတော့ သူတို့ရဲ့အရည်အချင်း၊ နှစ်လိုဖွယ်ကောင်းမှုတွေနဲ့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကြား ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Aespa အဖြဲ႕ပြဲဦးထြက္တဲ့ေန႔ရက္ေတြမွာ အမုန္းစကားေတြေၾကာင့္ ခက္ခဲခဲ့ရတဲ့အေၾကာင္းေျပာလာတဲ့ Karina
Aespa အဖြဲ႕ကေတာ့ လက္ရွိအခ်ိန္မွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့အမ်ိဳးသမီးအဖြဲ႕အျဖစ္ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။ (၂၀၂၀)ခုႏွစ္ကထြက္ရွိခဲ့တဲ့ဒီအဖြဲ႕ကေတာ့ အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈေတြကိုလည္း သိမ္းပိုက္ႏိုင္ခဲ့တာပါ။ လက္ရွိမွာေအာင္ျမင္မႈေတြရရွိေနေပမဲ့ ခက္ခဲတဲ့အခ်ိန္ေတြကိုလည္း ျဖတ္သန္းခဲ့ရပါတယ္။


မၾကာေသးခင္ကေတာ့ Aespa အဖြဲ႕ဝင္ေတြဟာ အင္တာဗ်ဴးတစ္ခုရွိခဲ့ၿပီး ဒီအင္တာဗ်ဴးမွာေတာ့ သူတို႔အဖြဲ႕ရဲ႕ပြဲဦးထြက္ခ်ိန္အေစာပိုင္းေန႔ရက္ေတြမွာ ခက္ခဲခဲ့ရတဲ့အေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။ Karina ကေတာ့ “ပြဲဦးထြက္ဖို႔အတြက္ေၾကညာခဲ့ခ်ိန္က ကြၽန္မတို႔ရဲ႕ဓာတ္ပုံေတြကိုအြန္လိုင္းမွာတင္ခဲ့တယ္။ ၿပီးေတာ့ ဆိုးဝါးတဲ့မွတ္ခ်က္ေတြရခဲ့တယ္။ လူအမ်ားစုကေတာ့ ပြဲဦးထြက္တာနဲ႔ပတ္သက္ၿပီး တကယ့္ကိုသေဘာမက်ခဲ့တာပါ။ ကြၽန္မတို႔အဖြဲ႕က အဲ့ဒီႏွစ္ပိုင္းမွာ ေအဂ်င္စီကေမြးထုတ္ေပးတဲ့ပထမဆုံးအဖြဲ႕ပါပဲ။
အမုန္းစကားေတြေၾကာင့္ ကြၽန္မတို႔အားလုံးတကယ့္ကိုခက္ခဲခဲ့တယ္။ ဒီေန႔ရက္ေတြမွာေတာ့ အားေပးၿပီးခ်စ္ခင္တဲ့ပရိသတ္မ်ားစြာရွိေနပါၿပီ။ ႐ိုး႐ိုးသားသားေျပာရရင္ စတင္ခဲ့ခ်ိန္ကကြၽန္မတို႔အတြက္တကယ့္ကိုမလြယ္ခဲ့ပါဘူး။” လို႔ ဆိုပါတယ္။ ခက္ခဲမႈေတြနဲ႔စတင္ခဲ့ရတဲ့ Aespa ကေတာ့ သူတို႔ရဲ႕အရည္အခ်င္း၊ ႏွစ္လိုဖြယ္ေကာင္းမႈေတြနဲ႔ ကမာၻတစ္ဝွမ္းကပရိသတ္ေတြၾကား ေရပန္းစားေနခဲ့ၿပီ ျဖစ္ပါတယ္။