Billboard ရဲ့ထိပ်တန်းစာရင်းမှာနေရာယူနိုင်တဲ့ ပထမဆုံးအမျိုးသမီးအဖြစ်စံချိန်တင်လိုက်တဲ့ Lisa

Posted on

Lisa ကတော့ အဖွဲ့အလိုက်သာမက တစ်ကိုယ်တော်အနေနဲ့လည်း အောင်မြင်တဲ့အနုပညာရှင်အဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ သူကတော့ အဖွဲ့အလိုက်သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိဖို့ကြိုးစားနေချိန်မှာ တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ LaLisa နဲ့အတူ စံချိန်တွေချိုးခဲ့ပြန်ပါတယ်။LaLisa ကတော့ စက်တင်ဘာလ(၁၀)ရက် (၂၀၂၁)ခုနှစ်မှာထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။


ဒီသီချင်းကတော့ ထွက်ရှိချိန်မှာ Billboard Global 200 စာရင်းမှာလည်း နံပါတ်(၂)နေရာမှာ ရှိနေခဲ့ပါတယ်။ အခုလ(၃)ရက်နေ့မှာတွစ်တာရဲ့ Billboard ရဲ့ Hot Trending Songs စာရင်းတွင် ထိပ်ဆုံးနေရာမှာရယူထားတာလည်း ဖြစ်ပါတယ်။ LaLisa သီချင်းဟာ ထွက်ရှိခဲ့တဲ့အောက်တိုဘာလကတည်းက ဒီစာရင်းရဲ့ထိပ်တန်းနေရာမှာရယူထားနိုင်တဲ့ သတ္တမမြောက်သီချင်းတစ်ပုဒ်ပါ။ ထွက်ရှိခဲ့တာသီတင်းပတ်ပေါင်း (၄၁)ပတ်ကြာတာတောင်မှ ရေပန်းစားနေဆဲဖြစ်တဲ့ တစ်ခုတည်းသောသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။


Lisa ကတော့ အခုလိုစံချိန်ကိုရယူထားနိုင်တဲ့ပထမဆုံးအမျိုးသမီးအနုပညာရှင်တစ်ယောက်အဖြစ် မှတ်တမ်းတင်ထားတာပါ။ ဒီသီချင်းဟာ Best K-Pop category in the upcoming (၂၀၂၂)ခုနှစ်ရဲ့ MTV Video Music Awards ပွဲမှာ Best K-Pop ကဏ္ဍအတွက်ဆန်ကာတင်စာရင်းဝင်ထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်


