Ji Chang Wook သာ သရုပ်ဆောင်နိုင်မယ့်ဇာတ်ရုပ်လို့ဆိုထားတဲ့ If You Wish Upon Me

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတွေထဲကတစ်လက်ဖြစ်တဲ့ Ji Chang Wook ကတော့ ဇာတ်ကားကောင်းနဲ့အတူပရိသတ်တွေဆီပြန်လာဦးမှာပါ။ မျှော်လင့်နေတဲ့ပရိသတ်တွေကိုတော့ သြဂုတ်လ(၁၀)ရက်နေ့မှာ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ If You Wish Upon Me ကိုထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းကတော့ နယ်သာလန်မှာရှိတဲ့ ဖောင်ဒေးရှင်းတစ်ခုမှာ အခြေခံရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဘဝတစ်လျှောက်မှာ ရုန်းကန်ခဲ့ရတဲ့ အမျိုးသားYoon Gyeo Re ဟာ လူထုဝန်ဆောင်မှုပေးဖို့ဆိုတဲ့အမိန့်ကြောင့် ဆေးရုံတစ်ခုကိုရောက်ရှိလာခဲ့ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ အတူတကွလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ သူဟာ ဆေးရုံကလူတွေရဲ့နောက်ဆုံးဆန္ဒတွေကိုနားထောင်ပြီး အဆုံးသတ်မှာပျော်ရွှင်ဖွယ်ဝမ်းမြောက်ဖွယ်အဖြစ်ပြီးဆုံးသွားခဲ့တာတွေကို ဇာတ်လမ်းတွဲရဲ့အပိုင်းတိုင်းမှာတွေ့မြင်ရမှာပါ။


အဓိကဇာတ်ဆောင် Yoon Gyeo Re နေရာမှာ Ji Chang Wookက ပါဝင်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားချောဟာအစွမ်းကုန်ကြိုးစားထားတာဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်သူတွေကတော့ Yoon Gyeo Re ဆိုတဲ့ဇာတ်ရုပ်ကို Ji Chang Wook ကသာ သရုပ်ဆောင်နိုင်မယ် လို့လည်း ဆိုထားပါတယ်။ Yoon Gyeo Re အဖြစ်နဲ့ဘယ်လိုတွေသရုပ်ဆောင်မလဲဆိုတာ ပရိသတ်တွေ မကြာခင်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

Ji Chang Wook သာ သ႐ုပ္ေဆာင္ႏိုင္မယ့္ဇာတ္႐ုပ္လို႔ဆိုထားတဲ့ If You Wish Upon Me
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသားေတြထဲကတစ္လက္ျဖစ္တဲ့ Ji Chang Wook ကေတာ့ ဇာတ္ကားေကာင္းနဲ႔အတူပရိသတ္ေတြဆီျပန္လာဦးမွာပါ။ ေမွ်ာ္လင့္ေနတဲ့ပရိသတ္ေတြကိုေတာ့ ၾသဂုတ္လ(၁၀)ရက္ေန႔မွာ ဇာတ္လမ္းတြဲအသစ္ျဖစ္တဲ့ If You Wish Upon Me ကိုထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။


ဒီဇာတ္လမ္းကေတာ့ နယ္သာလန္မွာရွိတဲ့ ေဖာင္ေဒးရွင္းတစ္ခုမွာ အေျခခံ႐ိုက္ကူးထားပါတယ္။ ဒီဇာတ္လမ္းမွာေတာ့ ဘဝတစ္ေလွ်ာက္မွာ ႐ုန္းကန္ခဲ့ရတဲ့ အမ်ိဳးသားYoon Gyeo Re ဟာ လူထုဝန္ေဆာင္မႈေပးဖို႔ဆိုတဲ့အမိန႔္ေၾကာင့္ ေဆး႐ုံတစ္ခုကိုေရာက္ရွိလာခဲ့ၿပီး ေဆး႐ုံဝန္ထမ္းေတြနဲ႔ အတူတကြလုပ္ေဆာင္ျဖစ္ခဲ့ပါတယ္။ သူဟာ ေဆး႐ုံကလူေတြရဲ႕ေနာက္ဆုံးဆႏၵေတြကိုနားေထာင္ၿပီး အဆုံးသတ္မွာေပ်ာ္႐ႊင္ဖြယ္ဝမ္းေျမာက္ဖြယ္အျဖစ္ၿပီးဆုံးသြားခဲ့တာေတြကို ဇာတ္လမ္းတြဲရဲ႕အပိုင္းတိုင္းမွာေတြ႕ျမင္ရမွာပါ။
အဓိကဇာတ္ေဆာင္ Yoon Gyeo Re ေနရာမွာ Ji Chang Wookက ပါဝင္ထားတာျဖစ္ၿပီး ဒီဇာတ္လမ္းတြဲမွာေတာ့ မင္းသားေခ်ာဟာအစြမ္းကုန္ႀကိဳးစားထားတာျဖစ္တယ္လို႔ သိရပါတယ္။ ထုတ္လုပ္သူေတြကေတာ့ Yoon Gyeo Re ဆိုတဲ့ဇာတ္႐ုပ္ကို Ji Chang Wook ကသာ သ႐ုပ္ေဆာင္ႏိုင္မယ္ လို႔လည္း ဆိုထားပါတယ္။ Yoon Gyeo Re အျဖစ္နဲ႔ဘယ္လိုေတြသ႐ုပ္ေဆာင္မလဲဆိုတာ ပရိသတ္ေတြ မၾကာခင္ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္ေနာ္။