ဒရမ်မာအသစ်နဲ့ပြန်မလာခင်မှာ ပရိသတ်တွေကိုအံ့သြစေခဲ့တဲ့Girls’ Generation အဖွဲ့ဝင် Sooyoung

Posted on

Sooyoung ကိုတော့ နာမည်ကျော် Girls’ Generation အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့တင်မက ဇာတ်လမ်းတွဲများစွာမှာလည်း တွေ့မြင်ဖူးကြမှာပါ။ သူကတော့ မကြာခင်မှာ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ If You Wish Upon Me နဲ့ ပရိသတ်တွေဆီပြန်လာမှာ ဖြစ်ပါတယ်။


မကြာသေးခင်ရက်ပိုင်းကGirls’ Generation ဟာအယ်လ်ဘမ်သစ်အတွက် စာနယ်ဇင်းပွဲပြုလုပ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ အဖွဲ့ဝင်တွေကတစ်ယောက်တစ်မျိုးစီလှပနေခဲ့ပြီး Sooyoung ကလည်းပဲ အမိုက်စားအချိုးအစားနဲ့ ရွှေရောင်ဆံပင်ကပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ ဒီပုံရိပ်ကြောင့်ပဲ ပရိသတ်တွေကတော့ ချီးမွမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။


သူပါဝင်ထားတဲ့ If You Wish Upon Me ဇာတ်လမ်းတွဲမှာတော့ သူနာပြုတစ်ယောက်အနေနဲ့ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နာကျင်မှုတွေနဲ့ရုန်းကန်ခဲ့ရတဲ့အမျိုးသားတစ်ဦးဟာ ဆေးရုံမှာစေတနာ့ဝန်ထမ်းလုပ်ဖို့အတွက်အကြောင်းဖန်လာခဲ့ပြီး လူအမျိုးမျိုးရဲ့နောက်ဆုံးအချိန်တွေကိုတွေ့ကြုံခဲ့ရတဲ့အကြောင်းပါ။ မတူကွဲပြားတဲ့ဒီဇာတ်လမ်းတွဲမှာတော့ Sooyoungဟာ မင်းသားချော Ji ChangWook နဲ့အတူပါဝင်ထားပါတယ်။
Zawgyiဖြင့်ဖတ်ရန်


