အင်စတာဂရမ်မှာ ပွဲဦးထွက်တာ(၆)နှစ်ပြည့်တဲ့အထိမ်းအမှတ်ကို ဂုဏ်ပြုခဲ့တဲ့ BLACKPINK

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး Entertainment ဖြစ်တဲ့ YG Entertainment ကတော့BLACKPINK ဆိုတဲ့ အမျိုးသမီးကေပေါပ့်အဖွဲ့ကို မွေးထုတ်ပေးခဲ့တာ (၆)နှစ်ပြည့်မြောက်ခဲ့ပါပြီ။ တစ်မျိုးစီထူးချွန်ကြတဲ့အမျိုးသမီး(၄)ဦးပါဝင်တဲ့ဒီအဖွဲ့ကတော့ အခုအချိန်မှာအအောင်မြင်ဆုံး အဆိုတော်အဖွဲ့တွေထဲကတစ်ခုအဖြစ်လည်း ရပ်တည်နေပါပြီ။


BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Jisoo ၊ Jennie ၊ Lisa နဲ့ Rose’ တို့ကတော့ သူတို့အဖွဲ့ရဲ့ပွဲဦးထွက်(၆)နှစ်ပြည့်မြောက်ခဲ့တဲ့အနေနဲ့ အင်စတာဂရမ်မှာ ပိုစ့်တွေတင်ခဲ့ကြပါတယ်။ ထရိန်နင်ကာလတွေကို အတူဖြတ်သန်းခဲ့ကြပြီး ပွဲဦးထွက်တာ (၆)နှစ်ကြာတဲ့အထိအတူတူရှိနေခဲ့တဲ့သူတို့(၄)ဦးကတော့ ညီအစ်မတွေလိုချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကပုံရိပ်လေးတွေကိုလည်း အင်စတာဂရမ်မှာတင်ကာ (၆)နှစ်ပြည့်အနေနဲ့ပိုစ့်တွေတင်ခဲ့ကြတာပါ။


BLACKPINK ကတော့ မကြာခင်မှာထွက်ရှိတော့မယ့် သီချင်းအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Pink Venom ကိုတော့ ဒီလ(၁၉)ရက်နေ့မှာထွက်ရှိတော့မယ့်အကြောင်းကို ကြောညာခဲ့ပါသေးတယ်။ ဒါ့အပြင် (၂)နှစ်ကြာအောင်စောင့်ဆိုင်းနေခဲ့ရတဲ့ပရိသတ်တွေဆီကို အယ်လ်ဘမ်အပြင် World Tour တွေလည်း လာဖို့ရှိနေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အင္စတာဂရမ္မွာ ပြဲဦးထြက္တာ(၆)ႏွစ္ျပည့္တဲ့အထိမ္းအမွတ္ကို ဂုဏ္ျပဳခဲ့တဲ့ BLACKPINK
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီး Entertainment ျဖစ္တဲ့ YG Entertainment ကေတာ့BLACKPINK ဆိုတဲ့ အမ်ိဳးသမီးေကေပါပ့္အဖြဲ႕ကို ေမြးထုတ္ေပးခဲ့တာ (၆)ႏွစ္ျပည့္ေျမာက္ခဲ့ပါၿပီ။ တစ္မ်ိဳးစီထူးခြၽန္ၾကတဲ့အမ်ိဳးသမီး(၄)ဦးပါဝင္တဲ့ဒီအဖြဲ႕ကေတာ့ အခုအခ်ိန္မွာအေအာင္ျမင္ဆုံး အဆိုေတာ္အဖြဲ႕ေတြထဲကတစ္ခုအျဖစ္လည္း ရပ္တည္ေနပါၿပီ။


BLACKPINK အဖြဲ႕ဝင္ေတြျဖစ္တဲ့ Jisoo ၊ Jennie ၊ Lisa နဲ႔ Rose’ တို႔ကေတာ့ သူတို႔အဖြဲ႕ရဲ႕ပြဲဦးထြက္(၆)ႏွစ္ျပည့္ေျမာက္ခဲ့တဲ့အေနနဲ႔ အင္စတာဂရမ္မွာ ပိုစ့္ေတြတင္ခဲ့ၾကပါတယ္။ ထရိန္နင္ကာလေတြကို အတူျဖတ္သန္းခဲ့ၾကၿပီး ပြဲဦးထြက္တာ (၆)ႏွစ္ၾကာတဲ့အထိအတူတူရွိေနခဲ့တဲ့သူတို႔(၄)ဦးကေတာ့ ညီအစ္မေတြလိုခ်စ္ခင္ၾကတာလည္း ျဖစ္ပါတယ္။ ငယ္စဥ္ကပုံရိပ္ေလးေတြကိုလည္း အင္စတာဂရမ္မွာတင္ကာ (၆)ႏွစ္ျပည့္အေနနဲ႔ပိုစ့္ေတြတင္ခဲ့ၾကတာပါ။


BLACKPINK ကေတာ့ မၾကာခင္မွာထြက္ရွိေတာ့မယ့္ သီခ်င္းအယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Pink Venom ကိုေတာ့ ဒီလ(၁၉)ရက္ေန႔မွာထြက္ရွိေတာ့မယ့္အေၾကာင္းကို ေၾကာညာခဲ့ပါေသးတယ္။ ဒါ့အျပင္ (၂)ႏွစ္ၾကာေအာင္ေစာင့္ဆိုင္းေနခဲ့ရတဲ့ပရိသတ္ေတြဆီကို အယ္လ္ဘမ္အျပင္ World Tour ေတြလည္း လာဖို႔ရွိေနပါတယ္။