ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးလူပြောများလာတဲ့ပုံကို အင်စတာဂရမ်မှဖျက်ပစ်ခဲ့တဲ့မင်းသမီး Park Min Young

Posted on

ဒရမ်မာချစ်တဲ့ ပရိသတ်တွေသိကြတဲ့ မင်းသမီးချော Park Min Young ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတွေထဲမှာ ပါဝင်ပါတယ်။ သူကတော့ အင်စတာဂရမ်မှာ follower ပေါင်း (၁၀.၂) သန်းရှိပါတယ်။ သူကတော့ မကြာသေးခင်က ပန်းရောင်ဝတ်စုံလေးနဲ့ လှပတဲ့ပုံရိပ်လေးကို “J.ESTINA x MINYOUNG”လို့ ရေးသားပြီး ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ အရင်နဲ့ကွဲပြားခြားနားသွားတဲ့သူ့ရဲပုံစံကို မှတ်ချက်တွေပေးခဲ့ကြတာဖြစ်ပြီး မင်းသမီးကတော့ ဒီပိုစ့်ကိုဖျက်သွားခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ သူ့ရဲ့ပုံစံဟာအရင်နဲ့အတော်လေးကွဲပြားခြားနားနေတယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။ အချို့ကလည်း မင်းသမီးရဲ့ပုံစံဟာ ကိုယ်အလေးချိန်အတော်လေးကျသွားပုံပေါက်တယ်ဆိုပြီးတော့ ပြောဆိုခဲ့ကြပါတယ်။ တွစ်တာကအင်တာနက်အသုံးပြုသူတွေကလည်း မင်းသမီးဟာပလတ်စတစ်ဆာဂျရီပြုလုပ်ထားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


မင်းသမီးဟာသူ့ရဲ့မျက်ခွံနဲ့နှာခေါင်းကိုခွဲစိတ်ဖူးကြောင်းပွင့်လင်းစွာဝန်ခံထားတဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ မင်းသမီးဟာနေမကောင်းဖြစ်ခဲ့တာကြောင့် အခုလိုကိုယ်အလေးချိန်ကျသွားတာဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။ Park Min Young ကတော့ ပိုစ့်ကိုဖျက်ပြီးနောက်မှာ အမိုက်စားပုံတစ်ခုကို သူ့ရဲ့အင်စတာဂရမ်စတိုရီမှာမျှဝေခဲ့ပါတယ်။ Park Min Young ကတော့ အမြဲစတိုင်ကျနေတဲ့သူတစ်ယောက်ပါပဲ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္ၿပီးလူေျပာမ်ားလာတဲ့ပုံကို အင္စတာဂရမ္မွဖ်က္ပစ္ခဲ့တဲ့မင္းသမီး Park Min Young
ဒရမ္မာခ်စ္တဲ့ ပရိသတ္ေတြသိၾကတဲ့ မင္းသမီးေခ်ာ Park Min Young ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသမီးေတြထဲမွာ ပါဝင္ပါတယ္။ သူကေတာ့ အင္စတာဂရမ္မွာ follower ေပါင္း (၁၀.၂) သန္းရွိပါတယ္။ သူကေတာ့ မၾကာေသးခင္က ပန္းေရာင္ဝတ္စုံေလးနဲ႔ လွပတဲ့ပုံရိပ္ေလးကို “J.ESTINA x MINYOUNG”လို႔ ေရးသားၿပီး ပိုစ့္တစ္ခုတင္ခဲ့ပါတယ္။


ပရိသတ္ေတြကေတာ့ အရင္နဲ႔ကြဲျပားျခားနားသြားတဲ့သူ႔ရဲပုံစံကို မွတ္ခ်က္ေတြေပးခဲ့ၾကတာျဖစ္ၿပီး မင္းသမီးကေတာ့ ဒီပိုစ့္ကိုဖ်က္သြားခဲ့ပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ရဲ႕ပုံစံဟာအရင္နဲ႔အေတာ္ေလးကြဲျပားျခားနားေနတယ္ဆိုၿပီး ေထာက္ျပခဲ့ပါတယ္။ အခ်ိဳ႕ကလည္း မင္းသမီးရဲ႕ပုံစံဟာ ကိုယ္အေလးခ်ိန္အေတာ္ေလးက်သြားပုံေပါက္တယ္ဆိုၿပီးေတာ့ ေျပာဆိုခဲ့ၾကပါတယ္။ တြစ္တာကအင္တာနက္အသုံးျပဳသူေတြကလည္း မင္းသမီးဟာပလတ္စတစ္ဆာဂ်ရီျပဳလုပ္ထားတာျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။


မင္းသမီးဟာသူ႔ရဲ႕မ်က္ခြံနဲ႔ႏွာေခါင္းကိုခြဲစိတ္ဖူးေၾကာင္းပြင့္လင္းစြာဝန္ခံထားတဲ့သူတစ္ေယာက္ပါ။ ပရိသတ္ေတြကေတာ့ မင္းသမီးဟာေနမေကာင္းျဖစ္ခဲ့တာေၾကာင့္ အခုလိုကိုယ္အေလးခ်ိန္က်သြားတာျဖစ္တယ္ဆိုၿပီး ကာကြယ္ေျပာဆိုခဲ့ပါတယ္။ Park Min Young ကေတာ့ ပိုစ့္ကိုဖ်က္ၿပီးေနာက္မွာ အမိုက္စားပုံတစ္ခုကို သူ႔ရဲ႕အင္စတာဂရမ္စတိုရီမွာမွ်ေဝခဲ့ပါတယ္။ Park Min Young ကေတာ့ အၿမဲစတိုင္က်ေနတဲ့သူတစ္ေယာက္ပါပဲ ပရိသတ္ႀကီးေရ။