ဇာတ်ညွှန်းဖတ်ပွဲတွင်တွေ့ဆုံကြပြီး မကြာခင်ဒရမ်မာဇာတ်လမ်းတွဲရိုက်ကူးတော့မယ့် Lee Jun Ki နဲ့ Shin Se Kyung

Posted on

ပရိသတ်တွေစောင့်မျှော်နေတဲ့ဇာတ်လမ်းတွဲရဲ့ Season 2 ကတော့ ထွက်ရှိလာတော့မှာပါ။ Lee Jun Ki ၊ Shin Se Kyung ၊ Jang Dong Gun နဲ့ Arthdal Chronicles 2 သရုပ်ဆောင်တွေကတော့ သြဂုတ်လ(၆)ရက်နေ့မှာ ဇာတ်ညွှန်းဖတ်ခြင်းလုပ်ခဲ့ကြပြီး ဒီလအစပိုင်းမှာပဲ ရိုက်ကူးရေးစတင်တော့မှာပါ။


Arthdal Chronicles ဇာတ်လမ်းတွဲကတော့ Arth ဆိုတဲ့ ဒဏ္ဍာရီလာနယ်မြေက သူရဲကောင်းတွေရဲ့ဇာတ်လမ်းတွေကိုပုံဖော်ထားတဲ့ ရှေးခေတ်ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ (၂၀၁၉) ခုနှစ်က tvN ကထုတ်လွှင့်ပြသခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Arthdal Chronicles 2 ကိုထပ်မံရိုက်ကူးတော့မှာ ဖြစ်ပါတယ်။


သရုပ်ဆောင်ပိုင်းမှာ အပြောင်းအလဲရှိခဲ့ပြီး Song Joong Ki နဲ့ Kim Ji Won ရဲ့နေရာမှာတော့ Lee Jun Ki နဲ့ Shin Se Kyung တို့က ပြောင်းလဲပါဝင်သွားမှာပါ။ Jang Dong Gun နဲ့ Kim Ok Bin တို့ကတော့ ပြန်လည်ပါဝင်သွားမှာ ဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာပဲ စတင်ရိုက်ကူးသွားမယ့်ဒီဇာတ်လမ်းတွဲကတော့ (၂၀၂၃) ခုနှစ်မှာထုတ်လွှင့်သွားမယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဇာတ္ၫႊန္းဖတ္ပြဲတြင္ေတြ႕ဆုံၾကၿပီး မၾကာခင္ဒရမ္မာဇာတ္လမ္းတြဲ႐ိုက္ကူးေတာ့မယ့္ Lee Jun Ki နဲ႔ Shin Se Kyung
ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ဇာတ္လမ္းတြဲရဲ႕ Season 2 ကေတာ့ ထြက္ရွိလာေတာ့မွာပါ။ Lee Jun Ki ၊ Shin Se Kyung ၊ Jang Dong Gun နဲ႔ Arthdal Chronicles 2 သ႐ုပ္ေဆာင္ေတြကေတာ့ ၾသဂုတ္လ(၆)ရက္ေန႔မွာ ဇာတ္ၫႊန္းဖတ္ျခင္းလုပ္ခဲ့ၾကၿပီး ဒီလအစပိုင္းမွာပဲ ႐ိုက္ကူးေရးစတင္ေတာ့မွာပါ။


Arthdal Chronicles ဇာတ္လမ္းတြဲကေတာ့ Arth ဆိုတဲ့ ဒ႑ာရီလာနယ္ေျမက သူရဲေကာင္းေတြရဲ႕ဇာတ္လမ္းေတြကိုပုံေဖာ္ထားတဲ့ ေရွးေခတ္ဒရမ္မာဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကိုေတာ့ (၂၀၁၉) ခုႏွစ္က tvN ကထုတ္လႊင့္ျပသခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ Arthdal Chronicles 2 ကိုထပ္မံ႐ိုက္ကူးေတာ့မွာ ျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ပိုင္းမွာ အေျပာင္းအလဲရွိခဲ့ၿပီး Song Joong Ki နဲ႔ Kim Ji Won ရဲ႕ေနရာမွာေတာ့ Lee Jun Ki နဲ႔ Shin Se Kyung တို႔က ေျပာင္းလဲပါဝင္သြားမွာပါ။ Jang Dong Gun နဲ႔ Kim Ok Bin တို႔ကေတာ့ ျပန္လည္ပါဝင္သြားမွာ ျဖစ္ပါတယ္။ ၾသဂုတ္လအတြင္းမွာပဲ စတင္႐ိုက္ကူးသြားမယ့္ဒီဇာတ္လမ္းတြဲကေတာ့ (၂၀၂၃) ခုႏွစ္မွာထုတ္လႊင့္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။