‘Is It Coincidence?’ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်လာမယ့် Kim So Hyun

Posted on

ကလေးသရုပ်ဆောင်ဘဝနဲ့စတင်ခဲ့တဲ့မင်းသမီးချောလေး Kim So Hyun ကတော့ လက်ရှိအချိန်မှာနမည်ကျော်မင်းသမီးတစ်လက်အဖြစ်နဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပါ။ သူကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်စွမ်းရည်ထူးချွန်တဲ့သူအဖြစ်အသိအမှတ်ပြုခံထားရတာပါ။


သူကတော့ ဇာတ်ကားသစ်နဲ့အတူပရိသတ်တွေဆီပြန်လာတော့မယ့်အကြောင်းကိုအတည်ပြုခဲ့ပါတယ်။ Kim So Hyunကတော့ ‘Is It Coincidence?’ ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲရဲ့ အမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်သွားမှာပါ။ သူကတော့ ပရိသတ်တွေကြိုက်ခဲ့ရတဲ့ River Where The Moon Rises ဆိုတဲ့ရှေးခေတ်ဇာတ်ကားပြီးနောက် တစ်နှစ်ခန့်ကြာမှ အခုဇာတ်လမ်းတွဲကိုပြန်လည်ရိုက်ကူးတာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းကဆုံခဲ့ကြတဲ့ Hoo Young နဲ့ Hong Joo တို့ကြားက အချစ်ဟာသဇာတ်လမ်းလေးကို ရိုက်ကူးထားတာပါ။ Kim So Hyunကတော့ အချစ်ဦးကြောင့်အသည်းကွဲရပြီးနောက် အချစ်အပေါ်မှာသံသယကြီးသူဖြစ်လာတဲ့ကောင်မလေးတစ်ယောက်နေရာမှာ ပါဝင်ထားပါတယ်။ အောက်တိုဘာလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လွှင့်သသွားမယ်လို့ ယူဆရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



