မကြာခင်ပြသတော့မယ့် အချစ်ဟာသဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဖတ်ပွဲကိုတက်ရောက်ခဲ့တဲ့ Park Min Young နဲ့ Go Kyung Pyo

Posted on

မင်းသမီးချော Park Min Young ကတော့ အချစ်ဟာသဒရမ်မာတွေကိုပိုင်နိုင်တာကြောင့် အောင်မြင်မှုတွေရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ သူကတော့ မကြာခင်မှာ tvN ဒရမ်မာဇာတ်လမ်းတွဲသစ်နဲ့ပရိသတ်တွေဆီကိုပြန်လာဖို့ရှိနေပါတယ်။ဇာတ်လမ်းတွဲနာမည်ကတော့‘MonWedFriTuesThursSat’ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ တွဲဖက်သရုပ်ဆောင်အနေနဲ့ မင်းသား Go Kyung Pyo ၊ Kim Jae Young တို့ကလည်း ပါဝင်ထားပါတယ်။ သရုပ်ဆောင်တွေကတော့ ရိုက်ကူးရေးမစခင်ဇာတ်ညွှန်းဖတ်ပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ တစ်ကိုယ်တည်းသမားတွေရဲ့ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းတွဲမှာတော့ Park Min Young ဟာ Go Kyung Pyo အတွက် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ Kim Jae Young အတွက် အင်္ဂါ၊ ကြသအပတေးနဲ့ စနေနေ့တွေမှာ တွေ့ဆုံဖို့အတွက်စာချုပ်ချုပ်ဆိုဖို့ အခြေအနေဖြစ်ပေါ်လာတဲ့အခါမှာ မထင်မှတ်ထားတဲ့ဘယ်လိုအချိုးအကွေ့မျိုးတွေဖြစ်ပေါ်လာမလဲဆိုတာ ရင်ခုန်စွာကြည့်ရှုရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်


