Han Hyo Joo ကတော့ ဒရမ်မာဇာတ်လမ်းတွဲများစွာကိုရိုက်ကူးခဲ့သူဖြစ်ပြီး ပရိသတ်တွေရင်းနှီးပြီးသား မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်နိုင်တာကြောင့်ချီးကျူးမှုတွေရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူကတော့စိတ်ကူးယဉ်သိပ္ပံအမျိုးအစားဖြစ်တဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။
လက်ရှိမှာ Dominion လို့နာမည်ပေးထားတဲ့ Dominant မျိုးစိတ်တွေရဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းခြင်းခံထားရတယ်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့BH Entertainment မှ ပြောကြားခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ သာမန်ထက်ထူးခြားတဲ့မျိုးရိုးဗီဇ၊ ဗိုင်းရပ်စ်တွေနဲ့ အစားအစာတွေကိုဆေးတောင့်တွေအဖြစ်အသုံးပြုတဲ့ သာလွန်ထူးခြားတဲ့ကမ္ဘာတစ်ခုအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်မင်းသားချော Joo Ji Hoon ကပါဝင်သွားမှာဖြစ်ပြီး မင်းသမီး Han Hyo Joo ပါဝင်ဖြစ်ခဲ့မယ်ဆိုရင်သူတို့နှစ်ဦးကိုအတွဲညီညီတွေ့ရမှာပါ။ ဒီဒရမ်မာဇာတ်လမ်းတွဲကိုတော့ ချီးကျူးမှုများစွာရရှိထားတဲ့ ‘Secret Forest’ ၊ ‘Grid’ နဲ့ ‘Stranger’ တို့ကိုရေးသားခဲ့တဲ့ စာရေးဆရာ Lee Soo Yeon က ဖန်တီးထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
စိတ္ကူးယဥ္သိပၸံဇာတ္ကားတစ္ကားျဖစ္တဲ့ Dominion မွာပါဝင္ဖို႔အတြက္ေဆြးေႏြးေနတဲ့ မင္းသမီး Han Hyo Joo
Han Hyo Joo ကေတာ့ ဒရမ္မာဇာတ္လမ္းတြဲမ်ားစြာကို႐ိုက္ကူးခဲ့သူျဖစ္ၿပီး ပရိသတ္ေတြရင္းႏွီးၿပီးသား မင္းသမီးတစ္လက္ပါ။ သ႐ုပ္ေဆာင္ပိုင္ႏိုင္တာေၾကာင့္ခ်ီးက်ဴးမႈေတြရရွိထားတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး သူကေတာ့စိတ္ကူးယဥ္သိပၸံအမ်ိဳးအစားျဖစ္တဲ့ဒရမ္မာဇာတ္လမ္းတြဲမွာ ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။
လက္ရွိမွာ Dominion လို႔နာမည္ေပးထားတဲ့ Dominant မ်ိဳးစိတ္ေတြရဲ႕အေၾကာင္း႐ိုက္ကူးထားတဲ့ဇာတ္လမ္းတြဲမွာပါဝင္ဖို႔ကမ္းလွမ္းျခင္းခံထားရတယ္လို႔ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့BH Entertainment မွ ေျပာၾကားခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ သာမန္ထက္ထူးျခားတဲ့မ်ိဳး႐ိုးဗီဇ၊ ဗိုင္းရပ္စ္ေတြနဲ႔ အစားအစာေတြကိုေဆးေတာင့္ေတြအျဖစ္အသုံးျပဳတဲ့ သာလြန္ထူးျခားတဲ့ကမာၻတစ္ခုအေၾကာင္းကို ဇာတ္အိမ္တည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။
ဒီဇာတ္လမ္းတြဲမွာေတာ့ နာမည္ေက်ာ္မင္းသားေခ်ာ Joo Ji Hoon ကပါဝင္သြားမွာျဖစ္ၿပီး မင္းသမီး Han Hyo Joo ပါဝင္ျဖစ္ခဲ့မယ္ဆိုရင္သူတို႔ႏွစ္ဦးကိုအတြဲညီညီေတြ႕ရမွာပါ။ ဒီဒရမ္မာဇာတ္လမ္းတြဲကိုေတာ့ ခ်ီးက်ဴးမႈမ်ားစြာရရွိထားတဲ့ ‘Secret Forest’ ၊ ‘Grid’ နဲ႔ ‘Stranger’ တို႔ကိုေရးသားခဲ့တဲ့ စာေရးဆရာ Lee Soo Yeon က ဖန္တီးထားတာလည္း ျဖစ္ပါတယ္။