ထိတ်လန့်သည်းဖိုရုပ်ရှင်တစ်ခုမှာအတူပါဝင်လာမယ့် Kim Go Eun နဲ့ Lee Do Hyun

မင်းသားချော Lee Do Hyun ကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အသိအမှတ်ပြုခြင်းခံရသလို 18 Again (2020)နဲ့ Youth of May (2021) လို့ ဇာတ်ကားတွေနဲ့လည်း ပရိသတ်တွေသိကြမှာပါ။ မကြာသေးခင်ကဒိတ်ဒိတ်ကြဲမင်းသမီး Song Hye Kyo နဲ့အတူ ဒရမ်မာဇာတ်လမ်းတွဲရိုက်ကူးပြီးစီးထားပြီး အခုဆိုရင်ပထမဆုံးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ဖို့ကမ်းလှမ်းခံရတာလည်း ဖြစ်ပါတယ်။


Lee Do Hyun နဲ့တွဲဖက်သရုပ်ဆောင်ဖို့ရာ မင်းသမီးKim Go Eun ကိုကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒရမ်မာဇာတ်လမ်းတွဲတွေမှာပါဝင်ထားပြီး ပရိသတ်တွေရဲ့ချစ်ခြင်းကိုရရှိထားတဲ့ နာမည်ကျော်မင်းသမီးတစ်လက်ပါ။ စက်တင်ဘာ(၃)ရက်နေ့မှာလည်း သူ့ရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ Little Women ကို ပြသတော့မှာလည်း ဖြစ်ပါတယ်။


ကမ်းလှမ်းထားတဲ့ ဇာတ်ကားနာမည်ကတော့ The Unearthed Grave ဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ နတ်ဆရာမ၊ အသုဘချခြင်းနဲ့ဆိုင်တဲ့ကိစ္စတွေဆောင်ရွက်တဲ့ ဒါရိုက်တာ နဲ့ ဘူမိဗေဒပညာရှင်တို့က သင်္ချိုင်းဂူတွေကို ရွှေ့ဖို့အတွက်အလုပ်တွေဆောင်ရွက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ ထိတ်လန့်ခြောက်ခြားဖွယ်ရာဒီဇာတ်လမ်းကတော့ Thriller ဇာတ်ကားပုံစံကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေနဲ့ သင့်တော်မှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



배우 김고은이 19일 오후 인천 중구 파라다이스시티에서 열린 ‘제1회 청룡시리즈어워즈(Bluedragon Series Awards)’에서 레드카펫을 밟고 있다. 2022.7.19/뉴스1


 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x