အပိုင်း(၆)မှာတင်ဆက်တိုက်အောင်မြင်မှုတွေရရှိနေတဲ့ မင်းသား Lee Jong Suk ရဲ့ Big Mouth ဇာတ်လမ်းတွဲ

MBC ရုပ်သံလိုင်းရဲ့ Big Mouth ဒရမ်မာကတော့ ထပ်မံထုတ်လွှင့်ခဲ့တဲ့အပိုင်းသစ်တွေမှာတင် အောင်မြင်မှုတွေ ရရှိနေပြန်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်နှစ်ယောက်ဖြစ်တဲ့ Lee Jong Suk နဲ့ Girls’ Generationအဖွဲ့ဝင် YoonA တို့ပါဝင်ထားပြီး ကြည့်ရှုနှုန်းကတော့ ဂဏန်း(၂)လုံးအထိရောက်ခဲ့ပါတယ်။


Nielsen Korea ရဲ့အဆိုအရ အပိုင်း(၆)ထုတ်လွှင့်စဉ်မှာ နိုင်ငံအတွင်းကြည့်ရှုနှုန်း (၁၀.၈)ရာခိုင်နှုန်းအထိရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့သိသာထင်ရှားစွာ ကြည့်ရှုနှုန်းတိုးတက်လာခဲ့တာဖြစ်ပြီး ဒီဒရမ်မာရဲ့အမြင့်ဆုံးစံချိန်လည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိပြသနေတဲ့အပိုင်းမှာလည်း ပရိသတ်တွေအတော်လေးရင်ခုန်နေကြပြီး တရားခံကဘယ်သူဆိုတာကို စိတ်ဝင်စားနေကြမယ်လို့လည်း ထင်ပါတယ်။


ဒီဒရမ်မာနဲ့အတူတစ်ချိန်တည်းပြသနေတဲ့အခြားဒရမ်မာဖြစ်တဲ့ Today’s Webtoon ကတော့ အပိုင်း(၆)မှာ ပျမ်းမျှကြည့်ရှုနှုန်း (၂.၈%) ရှိနေပါတယ်။ TV Chosun ရဲ့ Becoming Witch ကလည်း (၁.၆%) JTBC ရဲ့ The Good Detective 2 ကလည်း (၄.၂%) ရှိနေပြီး KBS 2TV ရဲ့ It’s Beautiful Now ကတော့ (၂၅%) နဲ့အများဆုံးရပ်တည်နေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အပိုင္း(၆)မွာတင္ဆက္တိုက္ေအာင္ျမင္မႈေတြရရွိေနတဲ့ မင္းသား Lee Jong Suk ရဲ႕ Big Mouth ဇာတ္လမ္းတြဲ
MBC ႐ုပ္သံလိုင္းရဲ႕ Big Mouth ဒရမ္မာကေတာ့ ထပ္မံထုတ္လႊင့္ခဲ့တဲ့အပိုင္းသစ္ေတြမွာတင္ ေအာင္ျမင္မႈေတြ ရရွိေနျပန္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ နာမည္ေက်ာ္ႏွစ္ေယာက္ျဖစ္တဲ့ Lee Jong Suk နဲ႔ Girls’ Generationအဖြဲ႕ဝင္ YoonA တို႔ပါဝင္ထားၿပီး ၾကည့္ရႈႏႈန္းကေတာ့ ဂဏန္း(၂)လုံးအထိေရာက္ခဲ့ပါတယ္။


Nielsen Korea ရဲ႕အဆိုအရ အပိုင္း(၆)ထုတ္လႊင့္စဥ္မွာ ႏိုင္ငံအတြင္းၾကည့္ရႈႏႈန္း (၁၀.၈)ရာခိုင္ႏႈန္းအထိေရာက္ခဲ့တယ္လို႔ သိရပါတယ္။ ဒါကေတာ့သိသာထင္ရွားစြာ ၾကည့္ရႈႏႈန္းတိုးတက္လာခဲ့တာျဖစ္ၿပီး ဒီဒရမ္မာရဲ႕အျမင့္ဆုံးစံခ်ိန္လည္း ျဖစ္လာခဲ့ပါတယ္။ လက္ရွိျပသေနတဲ့အပိုင္းမွာလည္း ပရိသတ္ေတြအေတာ္ေလးရင္ခုန္ေနၾကၿပီး တရားခံကဘယ္သူဆိုတာကို စိတ္ဝင္စားေနၾကမယ္လို႔လည္း ထင္ပါတယ္။
ဒီဒရမ္မာနဲ႔အတူတစ္ခ်ိန္တည္းျပသေနတဲ့အျခားဒရမ္မာျဖစ္တဲ့ Today’s Webtoon ကေတာ့ အပိုင္း(၆)မွာ ပ်မ္းမွ်ၾကည့္ရႈႏႈန္း (၂.၈%) ရွိေနပါတယ္။ TV Chosun ရဲ႕ Becoming Witch ကလည္း (၁.၆%) JTBC ရဲ႕ The Good Detective 2 ကလည္း (၄.၂%) ရွိေနၿပီး KBS 2TV ရဲ႕ It’s Beautiful Now ကေတာ့ (၂၅%) နဲ႔အမ်ားဆုံးရပ္တည္ေနပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x