သီချင်းအသစ်ရဲ့ပထမဆုံး group concept teaser နဲ့ ပရိသတ်တွေကိုမိတ်ဆက်ပေးလိုက်တဲ့ BLACKPINK

Posted on

အခုအချိန်မှာ BLACKPINK ရဲ့ပရိသတ်တွေကတော့ သီချင်းအယ်လ်ဘမ်အသစ်ကို မျှော်လင့်နေကြမှာ အမှန်ပါပဲ။ မကြာခင်မှာလည်း Born Pink ဆိုတဲ့အယ်လ်ဘမ်ထွက်ရှိတော့မယ်လို့လည်း ပရိသတ်တွေကို အသိပေးထားပြီးသား ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲကမှ Pink Venom သီချင်းကတော့pre-release single အနေနဲ့အရင်ဆုံးထွက်ရှိလာမှာပါ။


အခုဆိုရင်တော့ pre-release single သီချင်းတစ်ပုဒ်ဖြစ်တဲ့ Pink Venom ရဲ့ group concept teaser ကိုပရိသတ်တွေဆီကို မျှဝေလိုက်တာပါ။ ဒီဗီဒီယိုထဲမှာတော့ BLACKPINK အဖွဲ့ဝင်တွေကို ပန်းရောင်ဝတ်စုံတွေနဲ့မြင်ရပြီး အမိုက်စားရိုက်ချက်တွေနဲ့ဆွဲဆောင်မှုအပြည့်ပါပဲ။ ပန်းရောင်ဗားရှင်းဝတ်စုံတွေနဲ့အဖွဲ့ဝင်တွေကတော့ အက်ကွဲနေတဲ့ဖန်တွေနဲ့အခန်းအတွင်းကတော့ အပြင်ဘက်ကမ္ဘာကို ကြည့်ရှုနေတာကိုတွေ့ရမှာပါ။

ပရိသတ်တွေစောင့်မျှော်နေတဲ့ Pink Venom ကသြဂုတ်လ(၁၉)ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ BLACKPINK ကတော့ ထုံးစံအတိုင်းအမိုက်စားသီချင်းတွေနဲ့ပရိသတ်တွေကိုဘယ်လိုတွေဖမ်းစားဦးမလဲဆိုတာ ရင်ခုန်စရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်



