တောင်ကိုရီးယားနိုင်ငံရဲ့အမျိုးသားလွတ်လပ်ရေးနေ့အတွက်နှစ်စဉ်လုပ်နေကြအလှူတစ်ခုကိုပြုလုပ်ခဲ့တဲ့ Song Hye Kyo

Posted on

မင်းသမီးချော Song Hye Kyo ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေပြီး ဝင်ငွေအများဆုံးမင်းသမီးတွေထဲကတစ်လက်ဖြစ်ပါတယ်။ သူကတော့ သူရဲ့ဝင်ငွေတွေထဲကနေအကျိုးရှိတဲ့နေရာတွေမှာလည်း အလှူအတန်းတွေပြုလေ့ရှိသူတစ်ယောက်ပါ။


သူကတော့ ပရော်ဖက်ဆာ Seo Kyung Duk နဲ့အတူ ကိုရီးယားနိုင်ငံရဲ့လွတ်လပ်ရေးလှုပ်ရှားမှုအထိမ်းအမှတ်အနေနဲ့ လက်တွဲပြီးတော့လှူဒါန်းမှုတစ်ခုလုပ်ခဲ့ပါတယ်။ ပရော်ဖက်ဆာ Seo Kyung Dukကတော့ မင်းသမီးနဲ့အတူ သြဂုတ်လ(၁၅)ရက်နေ့မှာတော့ Kim Kyu Sik ရဲ့ ရုပ်ကြွရုပ်တုတစ်ခုကို အမျိုးသားလွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ တရုတ်နိုင်ငံ Chong Qing မှာရှိတဲ့ ကိုရီးယားနိုင်ငံယာယီသမ္မတထံ လှူဒါန်းခဲ့ပါတယ်။


Song Hye Kyo နဲ့ ပရော်ဖက်ဆာ Seo Kyung Duk တို့ကတော့အတူတကွအလုပ်တွဲလုပ်နေခဲ့တာ (၁၁) နှစ်ရှိခဲ့ပါပြီ။ သူတို့နှစ်ဦးကတော့ ကိုရီးယားလမ်းညွှန်စာအုပ် နဲ့ ပန်းပုတွေအပါအဝင်အလှူငွေတွေကို လွတ်မြောက်ရေးလှုပ်ရှားမှုအထိမ်းအမှတ်အနေနဲ့ နိုင်ငံတကာကသမိုင်းဝင်နေရာ(၃၁) ခုကို လှူဒါန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




