ရေကြီးမှုဒဏ်ကိုခံစားခဲ့ရတဲ့မသန်စွမ်းတွေအတွက် ဝမ်သန်း(၅၀)လှူဒါန်းခဲ့တဲ့ မင်းသမီး Han Ji Min

Posted on

မင်းသမီး Han Ji Min ရဲ့လှပတဲ့စိတ်ထားလေးကတော့ အခြားသူတွေကိုပါကြည်နူးစေခဲ့ပါတယ်။ သရုပ်ဆောင်ကောင်းသလိုစိတ်ထာလှတဲ့မင်းသမီး Han Ji Min ကတော့ ကြည်နူးစရာလှူဒါန်းမှုတစ်ခုကိုလုပ်ခဲ့ပါတယ်။ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ BH Entertainment ကတော့ မင်းသမီးဟာ လူမှုဖူလုံရေးအသင်းတစ်ခုကို ဝမ်သန်း(၅၀) လှူဒါန်းခဲ့တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။


ဒီအလှူငွေတွေကတော့ မသန်စွမ်းတဲ့သူတွေကိုထောက်ပံ့ကူညီရာမှာအသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။ မင်းသမီးကတော့ “မသန်စွမ်းတဲ့သူတွေအတွက်လိုအပ်တဲ့နေရာမှာအကူအညီပေးတဲ့နေရာတစ်ခုကိုသိခဲ့ရပြီး သူတို့တွေလည်း ရေကြီးမှုဒဏ်ကိုခံစားခဲ့ရတာကြောင့် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့” ဆိုပါတယ်။ မင်းသမီးရဲ့လှူဒါန်းမှုကြောင့် အင်တာနက်အသုံးပြုသူတွေဆီက ချီးကျူးမှုများစွာရခဲ့ပါတယ်။


Han Ji Min ကတော့ ဒီနှစ်အစောပိုင်းမှာပြသခဲ့တဲ့ Our Blues ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ယောင်းအို့ဆိုတဲ့ ရေငုပ်သမဇာတ်ရုပ်ကနေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူ့ရဲ့အမြွှာညီမဖြစ်သူဟာ Down syndrome ခံစားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေရႀကီးမႈဒဏ္ကိုခံစားခဲ့ရတဲ့မသန္စြမ္းေတြအတြက္ ဝမ္သန္း(၅၀)လႉဒါန္းခဲ့တဲ့ မင္းသမီး Han Ji Min
မင္းသမီး Han Ji Min ရဲ႕လွပတဲ့စိတ္ထားေလးကေတာ့ အျခားသူေတြကိုပါၾကည္ႏူးေစခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းသလိုစိတ္ထာလွတဲ့မင္းသမီး Han Ji Min ကေတာ့ ၾကည္ႏူးစရာလႉဒါန္းမႈတစ္ခုကိုလုပ္ခဲ့ပါတယ္။ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ BH Entertainment ကေတာ့ မင္းသမီးဟာ လူမႈဖူလုံေရးအသင္းတစ္ခုကို ဝမ္သန္း(၅၀) လႉဒါန္းခဲ့တဲ့အေၾကာင္း အတည္ျပဳခဲ့ပါတယ္။


ဒီအလႉေငြေတြကေတာ့ မသန္စြမ္းတဲ့သူေတြကိုေထာက္ပံ့ကူညီရာမွာအသုံးျပဳသြားမွာလည္း ျဖစ္ပါတယ္။ မင္းသမီးကေတာ့ “မသန္စြမ္းတဲ့သူေတြအတြက္လိုအပ္တဲ့ေနရာမွာအကူအညီေပးတဲ့ေနရာတစ္ခုကိုသိခဲ့ရၿပီး သူတို႔ေတြလည္း ေရႀကီးမႈဒဏ္ကိုခံစားခဲ့ရတာေၾကာင့္ လႉဒါန္းဖို႔ ဆုံးျဖတ္လိုက္တယ္လို႔” ဆိုပါတယ္။ မင္းသမီးရဲ႕လႉဒါန္းမႈေၾကာင့္ အင္တာနက္အသုံးျပဳသူေတြဆီက ခ်ီးက်ဴးမႈမ်ားစြာရခဲ့ပါတယ္။
Han Ji Min ကေတာ့ ဒီႏွစ္အေစာပိုင္းမွာျပသခဲ့တဲ့ Our Blues ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ေယာင္းအို႔ဆိုတဲ့ ေရငုပ္သမဇာတ္႐ုပ္ကေနပါဝင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ သူ႔ရဲ႕အႁမႊာညီမျဖစ္သူဟာ Down syndrome ခံစားေနရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။