Marie Claire မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ်နဲ့ ဂန္တဝင်ဆန်ဆန်လှနေပြန်တဲ့ Kim Jisoo

Posted on

ရုပ်ရည်နဲ့ပတ်သက်ပြီး ချီးကျူးခံရတဲ့အိုင်ဒေါတွေထဲမှာ BLACKPINK အဖွဲ့ဝင် Jisoo လည်းပါဝင်ပါတယ်။ သူကတော့ Kpop လောကရဲ့Visual Queen တွေထဲကတစ်ယောက်အဖြစ်လည်း တင်စားခံရတဲ့သူတစ်ယောက်ပါ။


Marie Claire ကတော့ စက်တင်ဘာလမျက်နှာဖုံးမော်ဒယ်လ်ရဲ့ပုံရိပ်ကိုထုတ်ခဲ့တာဖြစ်ပြီး အဲ့ဒီမော်ဒယ်လ်ကတော့ BLACKPINK အဖွဲ့ဝင် Jisoo ပဲ ဖြစ်ပါတယ်။ Dior ရဲ့အလှကုန်တွေနဲ့ပြင်ဆင်ထားတာဖြစ်ပီး Dior ရဲ့ Global Ambassador တစ်ယောက်ဖြစ်တဲ့ Jisoo ကတော့ မိတ်ကပ်အပြင်အဆင်အမျိုးမျိုးနဲ့ တောက်ပစွာလှပနေတာပဲ ဖြစ်ပါတယ်။ မဂ္ဂဇင်းကတော့ Jisoo ရဲ့လှပတဲ့ပုံရိပ်တွေကိုအင်စတာဂရမ်ကနေပြီးတော့ မျှဝေခဲ့တာဖြစ်ပြီး Jisoo ကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေပြန်လည်မျှဝေခဲ့ပါတယ်။


Jisoo ကတော့ လက်ရှိမှာBLACKPINK အဖွဲ့နဲ့အတူ Born Pink ဆိုတဲ့ အယ်လ်ဘမ် အယ်လ်ဘမ်အသစ်ထွက်ရှိဖို့အတွက်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ Marie Clarie ရဲ့မျက်နှာဖုံးရှင်အဖြစ်လှနေတဲ့ မော်ဒယ်လ် Jisoo ရဲ့ပုံရိပ်တွေကိုပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




