ရုပ်ရှင်ဇာတ်ကားမထွက်ရှိခင်မှာ ပိုစတာပုံရိပ်နဲ့တင်ပရိသတ်ကိုဆွဲဆောင်နေပြန်တဲ့ မင်းသမီးချော Park Min Young

Posted on

မင်းသမီးချော Park Min Young ကိုတော့ ဒီတစ်ခါမှာ တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Love In Contract ဆိုတဲ့ဇာတ်ကားမှာ စာချုပ်နဲ့လက်ထပ်ရာမှာဆရာတစ်ဆူလို့ခေါ်ရလောက်တဲ့သူအဖြစ်နဲ့တွေ့မြင်ရဦးမှာဖြစ်ပါတယ်။


ထက်မြက်ပြီးနှစ်လိုဖွယ်အလှတရားတွေနဲ့မင်းသမီးချောကတော့ ပိုစတာပုံရိပ်ကနေတစ်ဆင့် လူအများရဲ့အာရုံစိုက်မှုကို ရရှိနေပြန်ပါတယ်။ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံရိပ်နဲ့အတူ မင်းသမီးချောကတော့ ပန်းရောင်အရင့်ကြိုးပျောက်ဝတ်စုံကိုဝတ်ဆင်ထားပြီး အပြာရောင်လက်စွပ်ကို ကိုင်ထားတာပါ။ သူ့ရဲ့ရှေ့မှာတော့ ဈေးနှုန်းတွေကပ်ထားတဲ့လက်စွပ်ပေါင်းများစွာကိုလည်း တွေ့ရတာဖြစ်ပြီး ဒီပုံရိပ်နဲ့ဆက်စပ်ကာ စာချုပ်နဲ့လက်ထပ်ရာမှာဆရာတစ်ဆူလို့ ဘာကြောင့်ခေါ်ရသလဲဆိုတာကိုတော့ စိတ်ဝင်စားမှုမြင့်တက်နေကြတာလည်း ဖြစ်ပါတယ်။


ဇာတ်လမ်းတွဲသစ်မှာ Park Min Young ကတော့ စာချုပ်နဲ့လက်ထပ်ရာမှာဆရာတစ်ဆူလို့တင်စားရတဲ့ Choi Sang Eun အဖြစ်နဲ့တွေ့ရမှာဖြစ်ပြီး အရည်အချင်းများစွာကိုပိုင်ဆိုင်ထားတဲ့လုံးဝပြီးပြည့်စုံတဲ့ပုံရိပ်ရှိသူတစ်ယောက်အဖြစ်လည်း မြင်တွေ့ရမှာပါ။ မင်းသမီးကတော့ စာချုပ်နဲ့လက်ထပ်ရာမှာ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်အောင် ဘယ်လိုတွေကိုင်တွယ်ဦးမလဲဆိုတာစိတ်ဝင်စားစရာပါ။ ဒါတွေကိုတော့ Love In Contract ဇာတ်လမ်းတွဲမှာ စက်တင်ဘာ(၂၁)ကစပြီးမြင်တွေ့ရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်


