Big Mouth ဇာတ်လမ်းတွဲထဲက ထိပ်တန်းသရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးခံနေရတဲ့ YoonA

Posted on

တောင်ကိုရီးယားအနုပညာရှင်တွေထဲမှာ အိုင်ဒေါတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေတဲ့သူတွေထဲမှာတော့ မင်းသမီးချော YoonA ပါဝင်ပါတယ်။ ရုပ်ရည်ချောမောမှုကအမြဲချီးကျူးခံနေရတာဖြစ်ပြီး အခုတစ်ခါမှာတော့ YoonA ရဲ့ထိပ်တန်းအဆင့်ရှိတဲ့သရုပ်ဆောင်ချက်တွေက ချီးမွမ်းခံနေရပြန်ပါတယ်။


သူပါဝင်ထားတဲ့ Big Mouth ဆိုတဲ့ဇာတ်လမ်းတွဲကတော့ ရေပန်းစားနေတာဖြစ်ပြီး Tempo မြင့်မြင့်နဲ့ပရိသတ်တွေကိုဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ပရိသတ်တွေစိတ်ဝင်စားရတဲ့ ထိတ်လန့်သည်းဖိုဒရမ်မာ Big Mouth ထဲမှာတော့ YoonA ဟာ Gucheon တက္ကသိုလ်ဆေးရုံကသူနာပြုတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်ရုပ်မှာတော့ သူနာပြုတစ်ယောက်အဖြစ်အရည်အချင်းပြည့်ဝပြီး သစ္စာရှိတဲ့ဇနီးကောင်းတစ်ယောက်အနေနဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကို ဖော်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


(၂၀၀၈)ခုနှစ်မှာသရုပ်ဆောင်လောကကိုစတင်ခဲ့တဲ့ YoonA ကတော့ You Are My Destiny နဲ့ပွဲဦးထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Prime Minister and I ၊ The King in Love ၊ The K2 နဲ့ Hush စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Miracle ၊ A Year-End Medley ၊ Confidential Assignment စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ မကြာခင်ထွက်ရှိလာတော့မယ့် Confidential Assignment 2: International မှာလည်း YoonA ပါဝင်ထားတာကြောင့် မင်းသမီးရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့မြင်တွေ့ရဦးမယ်ထင်ပါရဲ့။
Zawgyi ဖြင့်ဖတ်ရန်

Big Mouth ဇာတ္လမ္းတြဲထဲက ထိပ္တန္းသ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ခ်ီးက်ဴးခံေနရတဲ့ YoonA
ေတာင္ကိုရီးယားအႏုပညာရွင္ေတြထဲမွာ အိုင္ေဒါတစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္တဲ့သူတစ္ေယာက္အျဖစ္ရပ္တည္ေနတဲ့သူေတြထဲမွာေတာ့ မင္းသမီးေခ်ာ YoonA ပါဝင္ပါတယ္။ ႐ုပ္ရည္ေခ်ာေမာမႈကအၿမဲခ်ီးက်ဴးခံေနရတာျဖစ္ၿပီး အခုတစ္ခါမွာေတာ့ YoonA ရဲ႕ထိပ္တန္းအဆင့္ရွိတဲ့သ႐ုပ္ေဆာင္ခ်က္ေတြက ခ်ီးမြမ္းခံေနရျပန္ပါတယ္။


သူပါဝင္ထားတဲ့ Big Mouth ဆိုတဲ့ဇာတ္လမ္းတြဲကေတာ့ ေရပန္းစားေနတာျဖစ္ၿပီး Tempo ျမင့္ျမင့္နဲ႔ပရိသတ္ေတြကိုဖမ္းစားထားႏိုင္တာလည္း ျဖစ္ပါတယ္။ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ပရိသတ္ေတြစိတ္ဝင္စားရတဲ့ ထိတ္လန႔္သည္းဖိုဒရမ္မာ Big Mouth ထဲမွာေတာ့ YoonA ဟာ Gucheon တကၠသိုလ္ေဆး႐ုံကသူနာျပဳတစ္ေယာက္အျဖစ္ပါဝင္ထားပါတယ္။ ဒီဇာတ္႐ုပ္မွာေတာ့ သူနာျပဳတစ္ေယာက္အျဖစ္အရည္အခ်င္းျပည့္ဝၿပီး သစၥာရွိတဲ့ဇနီးေကာင္းတစ္ေယာက္အေနနဲ႔ေျပာင္ေျမာက္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြကို ေဖာ္ျပႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
(၂၀၀၈)ခုႏွစ္မွာသ႐ုပ္ေဆာင္ေလာကကိုစတင္ခဲ့တဲ့ YoonA ကေတာ့ You Are My Destiny နဲ႔ပြဲဦးထြက္ခဲ့ၿပီး လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းတြဲေတြျဖစ္တဲ့ Prime Minister and I ၊ The King in Love ၊ The K2 နဲ႔ Hush စတဲ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Miracle ၊ A Year-End Medley ၊ Confidential Assignment စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ မၾကာခင္ထြက္ရွိလာေတာ့မယ့္ Confidential Assignment 2: International မွာလည္း YoonA ပါဝင္ထားတာေၾကာင့္ မင္းသမီးရဲ႕အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ျမင္ေတြ႕ရဦးမယ္ထင္ပါရဲ႕။