အောက်တိုဘာလမှာ လက်ထပ်ပွဲကျင်းပတော့မယ့် မင်းသမီး Gong Hyo Jin နဲ့ Kevin Oh

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာနယ်ပယ်မှာ နာမည်ကြီးတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Gong Hyo Jin ကိုတော့ ပရိသတ်တွေကရင်းနှီးပြီးသားဖြစ်မှာပါ။ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲများစွာရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်နာမည်ကျော်အမှတ်တံဆိပ်တွေရဲ့မော်ဒယ်လ်အဖြစ်လည်း မြင်ဖူးကြမှာပါ။


မီဒီယာတွေရဲ့ဖော်ပြချက်အရ မင်းသမီး Gong Hyo Jin (43) နဲ့ အဆိုတော်တေးရေးဆရာ Kevin Oh (33) တို့ကတော့ အောက်တိုဘာလမှာ လက်ထပ်ပွဲကျင်းပတော့မှာ ဖြစ်ပါတယ်။ ရင်းနှီးတဲ့အသိမိတ်ဆွေတွေကို မင်္ဂလာပွဲနဲ့ပတ်သက်ပြီးတော့ အသိပေးခဲ့သလို ပွဲအတွက်ကိုလည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။ Gong Hyo Jin နဲ့ Kevin Oh တို့ကတော့ ပြီးခဲ့တဲ့ဧပြီလက ချစ်သူတွေဖြစ်နေကြောင်းကို လူသိရှင်ကြားဝန်ခံခဲ့ပါတယ်။


မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Management SOOP ကတော့ လက်ထပ်ပွဲသတင်းကို အတည်ပြုခဲ့ပါတယ်။ မင်္ဂလာပွဲကတော့ မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေတွေနဲ့သာသီးသန့်ကျင်းပသွားမယ်လို့ သိရပါတယ်။ အတွင်းသတင်းတွေအရတော့ မင်္ဂလာပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ Congradulations ပါ …
Zawgyi ဖြင့်ဖတ်ရန်

ေအာက္တိုဘာလမွာ လက္ထပ္ပြဲက်င္းပေတာ့မယ့္ မင္းသမီး Gong Hyo Jin နဲ႔ Kevin Oh
ေတာင္ကိုရီးယားႏိုင္ငံရဲ႕အႏုပညာနယ္ပယ္မွာ နာမည္ႀကီးတဲ့မင္းသမီးတစ္လက္ျဖစ္တဲ့ Gong Hyo Jin ကိုေတာ့ ပရိသတ္ေတြကရင္းႏွီးၿပီးသားျဖစ္မွာပါ။ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဇာတ္လမ္းတြဲမ်ားစြာ႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္နာမည္ေက်ာ္အမွတ္တံဆိပ္ေတြရဲ႕ေမာ္ဒယ္လ္အျဖစ္လည္း ျမင္ဖူးၾကမွာပါ။

မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ မင္းသမီး Gong Hyo Jin (43) နဲ႔ အဆိုေတာ္ေတးေရးဆရာ Kevin Oh (33) တို႔ကေတာ့ ေအာက္တိုဘာလမွာ လက္ထပ္ပြဲက်င္းပေတာ့မွာ ျဖစ္ပါတယ္။ ရင္းႏွီးတဲ့အသိမိတ္ေဆြေတြကို မဂၤလာပြဲနဲ႔ပတ္သက္ၿပီးေတာ့ အသိေပးခဲ့သလို ပြဲအတြက္ကိုလည္း စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။ Gong Hyo Jin နဲ႔ Kevin Oh တို႔ကေတာ့ ၿပီးခဲ့တဲ့ဧၿပီလက ခ်စ္သူေတြျဖစ္ေနေၾကာင္းကို လူသိရွင္ၾကားဝန္ခံခဲ့ပါတယ္။


မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ Management SOOP ကေတာ့ လက္ထပ္ပြဲသတင္းကို အတည္ျပဳခဲ့ပါတယ္။ မဂၤလာပြဲကေတာ့ မိသားစုဝင္ေတြနဲ႔ အသိမိတ္ေဆြေတြနဲ႔သာသီးသန႔္က်င္းပသြားမယ္လို႔ သိရပါတယ္။ အတြင္းသတင္းေတြအရေတာ့ မဂၤလာပြဲကို အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ က်င္းပသြားမယ္လို႔ သိရပါတယ္။ Congradulations ပါ …