မြူးကြွသွက်လက်တဲ့ကေပေါပ့်ဂီတက ပရိသတ်တွေကြားရေပန်းစားသလို အိုင်ဒေါအဖွဲ့တွေဟာလည်း စတုတ္ထမျိုးဆက်ရောက်တဲ့အထိ ပရိသတ်တွေရဲ့အားပေးမှုကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။နာမည်ကျော် Entertainment ဖြစ်တဲ့ JYP ကမွေးထုတ်ခဲ့တဲ့ ITZY အဖွဲ့ကတော့ အခြားစတုတ္ထမျိုးဆက်ရဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့တွေကြား YouTube မှာလူကြည့်အများဆုံးအဖြစ် ထိပ်ဆုံးရောက်ရှိနေပါတယ်။
ဒါကိုတော့ အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ Theqoo က အင်တာနက်အသုံးပြုသူတွေကြား သတ်မှတ်ချက်အဆင့်တွေတက်လာခဲ့တာဖြစ်ပြီး အာရုံစိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဆောင်းပါးအရ လွန်ခဲ့တဲ့နှစ်အတွင်းမှာ ITZY ဟာ You Tube မှာ ကြည့်ရှုနှုန်း (၁.၄၅) ဘီလီယံအထိရှိခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ Aespa ဟာ ကြည့်ရှုနှုန်း (၁.၃၄)ဘီလီယံ ၊(G)I-DLE ကတော့ တတိယနေရာကို ကြည့်ရှုနှုန်း သန်း(၈၈၀)နဲ့ရှိနေပါတယ်။
စတုတ္ထနေရာမှာတော့ IVE ကကြည့်ရှုနှုန်း သန်း(၇၈၁)သန်း နဲ့ STAYC ကတော့ သန်း(၄၅) နဲ့ပဉ္စမ နေရာမှာရှိနေပါတယ်။ ပရိသတ်ကြီးကရော ဘယ်အမျိုးသမီးအဖွဲ့ရဲ့ပရိသတ်လဲဆိုတာပြောသွားပါဦး။
Zawgyi ဖြင့်ဖတ်ရန်
Aespa နဲ့ IVE အဖွဲ့တို့ကိုကျော်တက်ပြီး YouTube မှာလူကြည့်အများဆုံးဖြစ်လာတဲ့ စတုတ္ထမျိုးဆက်ရဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့