Season 2 ထပ်မံထွက်ရှိလာဦးမယ်လို့အတည်ပြုလိုက်တဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲ

Posted on

(၂၀၂၂)ခုနှစ်ရဲ့ဒရမ်မာစီးရီးတွေကြားမှာ မမျှော်လင့်ထားဘဲ အအောင်မြင်ဆုံးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ခဲ့တာကတော့ Extraordinary Attorney Woo ဇာတ်လမ်းတွဲပါပဲ။ ဒီဇာတ်လမ်းတွဲကတော့ အော်တစ်ဇင်ရောဂါရှိနေတဲ့ရှေ့နေမလေးကို အဓိကထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းကတော့ အပိုင်းတစ်ပိုင်းချင်းစီမှာ အမှုတစ်ခုစီကိုဖော်ပြခဲ့တာပါ။


မင်းသမီးချော Park Eun Bin ရဲ့ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်။ ပရိသတ်တွေကြိုက်တဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲရဲ့ season 2 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရပါတယ်။ season 2 ကိုတော့ (၂၀၂၄)ခုနှစ်မှာ ထုတ်လွှင့်ဖို့အတွက် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် season 2 မှာလည်း သရုပ်ဆောင်တွေလုံးဝပြောင်းလဲခြင်းမရှိဘဲရိုက်ကူးဖို့အတွက်လည်း စီစဉ်ထားတာပါ။


ဒီဇာတ်လမ်းတွဲရဲ့အမျိုးသားဇာတ်ဆောင်ဖြသ်တဲ့ Kang Tae Oh ကတော့ မကြာခင်မှာစစ်မှုထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာပြသနေတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ နောက်ဆုံးအပိုင်း(၂)ပိုင်းကို အခုအပတ်အတွင်းမှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ season 2 မထွက်ရှိခင် (၂၀၂၄)အထိစောင့်မျှော်နေရတော့မှာအမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

Season 2 ထပ္မံထြက္ရွိလာဦးမယ္လို႔အတည္ျပဳလိုက္တဲ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲ
(၂၀၂၂)ခုႏွစ္ရဲ႕ဒရမ္မာစီးရီးေတြၾကားမွာ မေမွ်ာ္လင့္ထားဘဲ အေအာင္ျမင္ဆုံးဇာတ္လမ္းတြဲေတြထဲကတစ္ခုျဖစ္ခဲ့တာကေတာ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲပါပဲ။ ဒီဇာတ္လမ္းတြဲကေတာ့ ေအာ္တစ္ဇင္ေရာဂါရွိေနတဲ့ေရွ႕ေနမေလးကို အဓိကထား႐ိုက္ကူးထားတာျဖစ္ၿပီး ဇာတ္လမ္းကေတာ့ အပိုင္းတစ္ပိုင္းခ်င္းစီမွာ အမႈတစ္ခုစီကိုေဖာ္ျပခဲ့တာပါ။


မင္းသမီးေခ်ာ Park Eun Bin ရဲ႕ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ကမာၻတစ္ဝွမ္းကပရိသတ္ေတြၾကားေရပန္းစားခဲ့ပါတယ္။ ပရိသတ္ေတြႀကိဳက္တဲ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲရဲ႕ season 2 ထပ္မံထြက္ရွိလာဦးမယ္လို႔ သိရပါတယ္။ season 2 ကိုေတာ့ (၂၀၂၄)ခုႏွစ္မွာ ထုတ္လႊင့္ဖို႔အတြက္ ေမွ်ာ္မွန္းထားပါတယ္။ ဒါ့အျပင္ season 2 မွာလည္း သ႐ုပ္ေဆာင္ေတြလုံးဝေျပာင္းလဲျခင္းမရွိဘဲ႐ိုက္ကူးဖို႔အတြက္လည္း စီစဥ္ထားတာပါ။


ဒီဇာတ္လမ္းတြဲရဲ႕အမ်ိဳးသားဇာတ္ေဆာင္ျဖသ္တဲ့ Kang Tae Oh ကေတာ့ မၾကာခင္မွာစစ္မႈထမ္းေဆာင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ လက္ရွိမွာျပသေနတဲ့ Extraordinary Attorney Woo ဇာတ္လမ္းတြဲကေတာ့ ေနာက္ဆုံးအပိုင္း(၂)ပိုင္းကို အခုအပတ္အတြင္းမွာ ျပသသြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ season 2 မထြက္ရွိခင္ (၂၀၂၄)အထိေစာင့္ေမွ်ာ္ေနရေတာ့မွာအမွန္ပါပဲေနာ္။