Love in Contract ဇာတ်လမ်းတွဲရဲ့ Teaser မှာ မင်္ဂလာဝတ်စုံနဲ့ Park Min Young ရဲ့ပုံရိပ်ဟာပရိသတ်တွေကိုစိတ်ဝင်စားမှုမြင့်တက်စေခဲ့

Posted on

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ကတော့ ဒရမ်မာဇာတ်လမ်းတွဲသစ်နဲ့အတူ ပရိသတ်တွေဆီကိုပြန်လာဦးမှာပါ။ အခုတစ်ခါမှာလည်း စိတ်ဝင်စားဖွယ်ရာအချစ်ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး မင်းသား Go Kyung Pyo နဲ့ Kim Jae Young တို့ကလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲနာမည်ကတော့ Love In Contract ဖြစ်ပြီး စုံတွဲတွေတက်ရမယ့်ပွဲအခမ်းအနားတွေမှာ တစ်ကိုယ်တည်းသမားတွေအတွက် ပါတနာအဖြစ်ဝန်ဆောင်မှုပေးတဲ့အမျိုးသမီးChoi Sang Eun အဖြစ် Park Min Young ကပါဝင်ထားတာပါ။ Go Kyung Pyo နဲ့ Kim Jae Young တို့ကတော့ သူ့ရဲ့Customer တွေဖြစ်လာကြပြီး ဘယ်လိုမျိုးသုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ မြင်တွေ့နေကျဇာတ်လမ်းတွေနဲ့မတူတဲ့ဒီဇာတ်လမ်းတွဲကတော့ မင်းသမီးချော Park Min Young ကြောင့်လည်း စိတ်ဝင်စားခြင်းခံနေရတာပါ။

Rom-com queen လို့တင်စားခံရတဲ့မင်းသမီးဟာ သူ့ရဲ့မတူကွဲပြားတဲ့ပုံစံကို ချပြဦးမလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ဇာတ်လမ်းရဲ့ Teaser ထဲမှာ မင်းသမီးကိုသတို့သမီးဝတ်စုံနဲ့ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ Park Min Young ရဲ့ သတို့သားကဘယ်သူလဲဆိုတာကတော့ ပရိသတ်တွေစိတ်ဝင်စားနေရတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
